A d v e r t i s e m e n t With Us

ပြန်ဆောက်ပြီး မီးဘေးသင့်ကသာဈေး ပိုငွေများ ပြန်ရလို

မီးဘေးသင့် ကသာဈေး ပြန်တည်ဆောက်ပြီး ပိုငွေတွေ ဈေးသားတွေကို အချိုးကျ ပြန်ခွဲပေးစေချင်တတယ်လို့ ဈေးသူဈေးသားတွေကပြောပါတယ်။ “တိုင်းဝန်ကြီးချုပ်က ဈေးဆောက်ပြီးလို့ ပိုငွေကို ဈေးသားတွေကို ခွဲပေးမယ်လို့ ပြောခဲ့ဖူးတယ်။ တကယ်တမ်းလည်းပြီးရော ဟိုလိုလို ဒီလိုလို လုပ်နေတယ်’’ လို့ ကသာ ဈေးသူတယောက်က ပြောပါတယ်။ katar marketဈေးသစ်တည်ဆောက်တဲ့အခါ အခန်းပိုတွေရှိလာတဲ့အတွက် ငွေပိုခဲ့တာဖြစ်ပြီး ငွေကျပ် သိန်း ၁၄၀၀ ကျော်တယ်လို့ ဈေးကော်မတီမှာ ပါသူတွေက ပြောပါတယ်။ ဈေးသားတဦးက “အရင်ကလည်း ဈေးရန်ပုံငွေတွေ စာရင်းပျောက်ခဲ့ဖူးတယ်။ အခုလည်း ဈေးသက်သာရန်ပုံငွေအဖြစ်ထားမယ်ပြောနေတယ်။ ကျနော်တို့ဆန္ဒက အရင်က ပြောခဲ့သလို အချိုးကျ ခွဲပေးစေချင်တာပါ’’ လို့ ပြောပါတယ်။ ကသာမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဌေးက “ငွေတွေကို ခွဲပေးဖို့အတွက် ၀န်ကြီးချုပ်က ပြောတယ်လို့တော့ ကြားပါတယ်။ ကျနော်တို့က တိုင်းစည်ပင် ညွှန်ကြားတဲ့အတိုင်း ဒီငွေတွေကို ဆောင်ရွက်တာပါ။ ပြည်သူတွေအနေနဲ့ ၀န်ကြီးချုပ်ဆီကို အသနားခံစာတင်ဖို့ပဲ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။ ကသာဈေးဟာ ၂၀၁၂ ခုနှစ် ဇူလိုင်လမှာ မီးလောင်ကျွမ်းခဲ့ပြီး အဲဒီနှစ်ပိုင်းမှာပဲ မြန်မာနိုင်ငံအနှံ့က ဈေးတော်တော်များများ မီးလောင်ခဲ့တာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up