ပျောက်ဆုံးဗြိတိန် အင်္ဂါဂြိုဟ်စူးစမ်းယာဉ် ၁၁ နှစ်အကြာမှ ပြန်တွေ့

1.4K
ဗြိတိန်နိုင်ငံက တည်ဆောက်ခဲ့ပြီး လွန်ခဲ့တဲ့ ၁၁ နှစ်က လွှတ်တင်ခဲ့တဲ့ ပျောက်ဆုံး အင်္ဂါဂြိုဟ်စူးစမ်းရေးယာဉ် ဘီကယ် ၂ ကို မနေ့က အင်္ဂါဂြိုဟ်မျက်နှာပြင်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
ဥရောပအာကာသ အေဂျင်စီရဲ့ အင်္ဂါဂြိုဟ်စူးစမ်းရေးအစီအစဉ်နဲ့ စေလွှတ်ခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ အင်္ဂါဂြိုဟ်ပေါ် ဆင်းသက်ရမှာပါ။
ဒါပေမယ့် ၆ ရက်အလို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ပျောက်ဆုံးသွားခဲ့ပြီး မနေ့က နာဆာရဲ့ အင်္ဂါဂြိုဟ်ပတ်ယာဉ်က ပေးပို့တဲ့ပုံတွေမှာ ပြန်လည်တွေ့ရှိခဲ့တာပါ။
အခုလို အင်္ဂါဂြိုဟ်မျက်နှာပြင်ကို အောင်အောင်မြင်မြင်နဲ့ ဆင်းသက်နိုင်ခဲ့တာကြောင့် ဥရောပရဲ့ ပထမဆုံး အင်္ဂါဂြိုဟ်ဆင်းယာဉ်ဖြစ်လာခဲ့ပါတယ်။ စူးစမ်းယာဉ် ဘီကယ် ၂ ဟာ အချက်အလက်ပေးပို့ခြင်း မရှိခဲ့ပေမယ့် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ရည်မှန်းချက်အတိုင်း အောင်အောင်မြင်မြင်ဆင်းသက်နိုင်ခဲ့တယ်လို့ ဗြိတိန်အာကာသအေဂျင်စီက ထုတ်ပြန်ပါတယ်။
ဘီကယ် ၂ အင်္ဂါဂြိုဟ်ဆင်းယာဉ်ကို ကာဇတ်စတန်နိုင်ငံမှာရှိတဲ့ ရုရှားဂြိုဟ် လွှတ်တင်ရေးစခန်းတခုကနေ ၂၀၀၃ ခုနှစ် ဇွန်လ ၂ ရက်နေ့မှာ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ- ရိုက်တာ ဗွီဒီယို
[gallery ids="77416,77417,77418"]