လ်ဆီးအသင်းဟာ အခု ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ အရောင်းအဝယ် မလုပ်ဘူးလို့ နည်းပြ မော်ရင်ဟိုက ပြောပါတယ်။

မော်ရင်ဟိုရဲ့အသင်းဟာ လက်ရှိပရီးမီးယားလိဂ် ရာသီမှာ အဆင့် ၁ နေရာမှာ ရှိနေပြီး ပြိုင်ဘက်မန်စီးတီးအသင်းကို နှစ်ဖက်ဖြတ်ထားနိုင်ပါတယ်။
“ဘယ်ကစားသမားမှ မလာတာထက် ဘယ်သူမှ အသင်းက မထွက်ရင် ကျနော်ပျော်မှာပဲ၊ ဒါပေမယ့် ဈေးကွက်က ရှိနေတယ်။ ဘယ်အရာကိုမှတော့ ပြောလို့မရပါဘူး”လို့ မော်ရင်ဟိုက ဆိုပါတယ်။
ချဲလ်ဆီးအသင်းကို ဖိအားပေးနေတဲ့ မန်စီးတီးအသင်းကတော့ ဆွမ်းဆီးအသင်းရဲ့ အိုင်ဗရီကို့စ် တိုက်စစ်မှူး ဘိုနီကို စတာလင်ပေါင် ၂၇ သန်းနဲ့ ခေါ်ယူထားပြီးတိုက်စစ်အင်အားကို ဖြည့်တင်းထားပါတယ်။
“ဘိုနီက ကစားသမားကောင်း တိုက်စစ်မှူးကောင်း တယောက်ပါ။ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေကို မချိုးဖောက်ဘူး၊ သူတို့မှာလည်း ပိုက်ဆံရှိတယ်ဆိုရင် သူတို့ ပိုက်ဆံဖြုန်းမှာပေါ့၊ ဒါကောင်းပါတယ်လို့” မော်ရင်ဟိုက မန်စီးတီးအသင်းအပေါ် ဝေဖန်လိုက်ပါတယ်။
မော်ရင်ဟိုဟာ ပေါ်တို၊ အင်တာမီလန်အသင်းတွေနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရရှိထားပြီး အကောင်းဆုံးနည်းပြတဦးလို့ သတ်မှတ်ခံထားရသူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်အသင်းတွေ၊ နည်းပြတွေအပေါ် ဝေဖန်ကဲ့ရဲ့တဲ့ သူ့ရဲ့ အပြုအမူတွေကြောင့် လူမုန်းများသူလည်း ဖြစ်ပါတယ်။