မတူကွဲပြားမှုကို ဖယ်ထားကြရန် ဟောင်ကောင်အကြီးအကဲ တိုက်တွန်း

1.5K
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး တိုးမြှင့်တင်ဆောင်ရွက်နိုင်အောင် မတူကွဲပြားမှု တွေကို ဖယ်ထားကြဖို့ ဟောင်ကောင် အထူးအုပ်ချုပ်မှုဒေသ အကြီးအကဲ လျူချွန်ယင်းက လွှတ်တော် အမတ်တွေကို မနေ့က တိုက်တွန်းပါတယ်။
၂၀၁၅ ခုနှစ် မူဝါဒမိန့်ခွန်းပြောကြားအပြီး ဥပဒေပြုကောင်စီနဲ့ မေး-ဖြေကဏ္ဍ အစည်းအဝေးကို တက်ရောက်ချိန်မှာ ပြောဆိုသွားတာပါ။
ဒီမိုကရေစီကို အားပေးမြှင့်တင်မှု၊ စီးပွားရေး ဖွံ့ဖြိုးအောင်လုပ်ဆောင်မှုနဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး လူနေမှုအဆင့်အတန်းကို မြှင့်တင်မှုတွေမှာ တရားဥပဒေစိုးမိုးရေးရဲ့ အရေးကြီး ပုံကိုလည်း သူက ထောက်ပြပါတယ်။
ဟောင်ကောင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်လို့ သမိုင်း ၀င်အခွင့်အလမ်းနဲ့ ကြုံနေရပြီလို့လည်း ပြောဆိုပါတယ်။ ဒါကို ဥပဒေအရ ဆောင်ရွက်သွားမှာ ဖြစ်သ လို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုလည်း မြှင့်တင်သွားမယ်လို့ ပြောပါတယ်။
မနှစ်က မြို့လယ်ခေါင်သိမ်းတဲ့ တရားမ၀င် ဆန္ဒပြလှုပ်ရှားမှုဟာ ဥပဒေချိုးဖောက်မှု ဖြစ်တာကြောင့် ဘယ်လိုအရေးယူဖို့ရှိသလဲလို့ တချို့အမတ်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။
လျူကတော့ ဒီဖြစ်ရပ်ဟာ နိုင်ငံရေးဆိုင်ရာ ရွေးကောက်ပွဲတွေမှာ မဲပေးပိုင်ခွင့်ကို မြှင့်တင်မပေး နိုင်ပဲ တရားဥပဒေစိုးမိုးရေးကိုသာ ထိခိုက်စေခဲ့ပြီး အဓိက အရေးပါတဲ့ လူမှုတန်ဖိုးတွေကို သက်ရောက်မှု ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။