A d v e r t i s e m e n t With Us

အကြမ်းဖက်သမား သံသယရှိသူ ၂ ဦးကို ဘယ်လ်ဂျီယမ်တပ် အသေပစ်သတ်

ဘယ်လ်ဂျီယမ်နိုင်ငံ အရှေ့ပိုင်းက ဗာဗီယားစ်မြို့ (Verviers) မှာ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် အဖွဲ့ဝင်လို့ သံသယရှိသူ ၂ ဦးကို ဘယ်လ်ဂျီယမ် အထူးလုံခြုံရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက်နေ့က အသေပစ်သတ်လိုက်ကြပါတယ်။ Untitled-5 copyသူတို့ ၂ ဦး အကြမ်းဖက်တိုက်ခိုက်မှုကြီးတခု လုပ်တော့မယ့်အချိန်မှာ ဘယ်လ်ဂျီယမ် လုံခြုံရေးတပ်ဖွဲ့တွေကို သူတို့တွေက အရင်ပစ်ခတ်ခဲ့တာလို့ ဘယ်လ်ဂျီယမ်အစိုးရရှေ့နေ အဲရစ် ဗန် ဒါ စပိုင့်တ် (Eric Van Der Sypt) က ပြောဆိုခဲ့ပါတယ်။ တိုက်ခိုက်မှုအပြီး အေကေ ၄၇ သေနတ် ၄ လက်၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ရဲဝတ်စုံတွေပါ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရဲဌာနတခုကို စီးနင်းတိုက်ခိုက်ဖို့ ပြင်ဆင်ပုံရတယ်လို့ သတင်းတွေမှာ ဖော်ပြ ကြပါတယ်။ ဒီဖြစ်ပျက်မှုအပြီးမှာ ဘယ်လ်ဂျီယမ်နိုင်ငံရဲ့ လုံခြုံရေးကိုလည်း ဒုတိယအမြင့်ဆုံး သတ်မှတ်ထားလိုက်ပြီး ဘရက်ဆဲလ်မြို့တော်မှာလည်း ရှာဖွေရေးတွေ လုပ်ဆောင်နေပါတယ်။ ပစ်ခတ်မှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် ထိခိုက်မှု မရှိခဲ့ဘူးလို့ ဒေသခံမီဒီယာတွေမှာ ဖော်ပြပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာတ၀ိုက်ကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက ပိတ်ဆို့ ထားလိုက်ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လူ ၁၇ ဦး သေဆုံးခဲ့တဲ့အမှု ဖြစ်ပွားခဲ့အပြီး ၁ ပတ်အကြာမှာ အခုလို ဘယ်လ်ဂျီယမ်နိုင်ငံမှာလည်း ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ အရင် ၁ ပတ် ပါရီမြို့တော်တိုက်ခိုက်မှုကိုတော့ ယီမင်နိုင်ငံ အယ်လ်ကိုင်ဒါအဖွဲ့ခွဲက လုပ်ဆောင်ခဲ့တာလို့ ကြေညာထားပါတယ်။ အခု တိုက်ခိုက်မှုဟာ ပြင်သစ်တိုက်ခိုက်မှုနဲ့တော့ ဆက်စပ်မှု မရှိဘူးလို့ အစိုးရရှေ့နေက ပြောဆိုပါတယ်။ ဘယ်လ်ဂျီယမ်နိုင်ငံ တောင်ပိုင်းက ရှာလီဟွာမြို့မှာတော့ ပါရီမြို့တော်က တိုက်ခိုက်ခဲ့သူကို လက်နက်တွေ ရောင်းခဲ့တယ်လို့ သံသယရှိသူတဦးကို ရဲတွေက ထိန်းသိမ်းထားပါတယ်။ အီရတ်နဲ့ ဆီးရီးယားနိုင်ငံမှာ ရှိတဲ့ အိုင်အက်စ် အကြမ်းဖက်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ဖို့ ဘယ်လ်ဂျီယမ်နိုင်ငံက ထွက်ခွာသွားသူ ၃၀၀ ကျော် ရှိတယ်လို့လည်း အာဏာပိုင်တွေက ပြောဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up