A d v e r t i s e m e n t With Us

ဂျော်ဒန်နှင့် ဂျပန်အနိုင်ရ

သြစတြေးလျနိုင်ငံမှာ ယှဉ်ပြိုင်ကစားနေတဲ့ ၂၀၁၅ အာရှဖလား ပြိုင်ပွဲမှာ အုပ်စု (ဃ) ပွဲစဉ်တွေမှာတော့ ဂျော်ဒန်က ပါလက်စတိုင်း အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။ ဂျော်ဒန်ကစားသမား ဟမ်ဇက်အယ်ဒါဒေါက အာရှဖလားပြိုင်ပွဲသမိုင်းမှာ တပွဲတည်းနဲ့ ၄ ဂိုးသွင်းတဲ့ ၄ ယောက်မြောက် ကစားသမား တဦးလည်း ဖြစ်လာပါတယ်။ ဒီအတွက် ဂျော်ဒန်အသင်းက ၂ ပွဲကစား ၁ပွဲရှုံး ၁ပွဲနိုင်နဲ့ ၃ မှတ်ရရှိထားပြီး ကွားတားဖိုင်နယ် တက်ရောက်ဖို့ အတွက်နောက် ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဂျပန်အသင်းကတော့ အီရတ် အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားတဲ့ အတွက် ၂ ပွဲကစား ၂ ပွဲနိုင်နဲ့ ကွားတားဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။ အီရတ် အသင်းကတော့ ၂ပွဲကစား ၁ ပွဲရှုံး ၁ပွဲနိုင်နဲ့ ၃ မှတ်ရရှိထားတဲ့အတွက် ကွားတားဖိုင်နယ်ကို တက်ရောက်ဖို့အတွက် ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ [gallery ids="77374,77375,77376,77377"]

A d v e r t i s e m e n t With Us

More News
Up