A d v e r t i s e m e n t With Us

အိုင်ဖုန်း ၆ ကိုယှဉ်မည့် Mi Note စမတ်ဖုန်း မိတ်ဆက်

အာရှရဲ့ Apple  ကုမ္ပဏီကြီးလို့ သတ်မှတ်နေကြတဲ့ တရုတ်နိုင်ငံရဲ့ ရှောင်မီ စမတ်ဖုန်းကုမ္ပဏီဟာ Apple iPhone 6 Plus ကို ယှဉ်မယ့် Mi Note စမတ်ဖုန်းကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၅ ရက်နေ့က ပီကင်းမြို့တော်မှာ ပြသလိုက်ပါတယ်။ ၁၆ ဂစ်ပါရှိတဲ့ ဒီစမတ်ဖုန်းသစ်ဟာ iPhone 6 Plus ထက် ဈေးနှုန်း ၃ ချိုး ၂ ချိုးသက်သာပြီး အမေရိကန်ဒေါ်လာ ၃၇၁ နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ ရှောင်မီ စမတ်ဖုန်းကုမ္ပဏီဟာ စတင်ထူထောင်ချိန်ကနေ အခုအချိန်အထိ ၃ နှစ်တာ ကာလအတွင်း ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူ ဖြစ်လာခဲ့ပြီး ပန်းသီး၊ ဆမ်ဆောင်းနဲ့ တနိုင်ငံထဲက ဟွာဝေးစမတ်ဖုန်းတွေကို ပြိုင်ဆိုင်လာနိုင်ခဲ့ပါတယ်။ စီအီးအို လေဂျမ်းက အခု ထုတ်လုပ်လိုက်တဲ့ ဖုန်းဟာ iPhone 6 Plus ထက် ပိုပေါ့တယ်။ ထု ပိုပါးတယ်။ ပို သွယ်တယ်။ ပို တိုတယ်။ ဒါပေမယ့် screen ကတော့ ပိုကြီးတယ်လို့ ပြောဆိုပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က အမေရိကန်ဒေါ်လာ ၁.၁ ဘီလီယံနဲ့ စတင်လိုက်တဲ့ ရှောင်မီကုမ္ပဏီဟာ  အခုတော့ ကုမ္ပဏီတန်ဖိုး အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံရှိပါပြီလို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထုတ်ဖော် ကြေညာခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ရှောင်မီဖုန်းပရိသတ်တဦးကတော့ ကုမ္ပဏီက ပထမဆုံးဖုန်းကို ထုတ်လုပ်ချိန်ကတည်းကစပြီး ရှောင်မီစမတ်ဖုန်းတမျိုးတည်းကိုပဲ သုံးစွဲလာခဲ့ပြီး ပစ္စည်းအပေါ်မှာ ယုံကြည်မှုအပြည့်ရှိတယ်လို့ ပြောဆိုပါတယ်။ xiaomi_mi_note_black_screen_smallစီအီးအို လေဂျမ်း ကတော့ နောက်ပိုင်း ခေတ်မီ အိမ်သုံးအီလက်ထရောနစ် ပစ္စည်းတွေနဲ့ စမတ်ဖုန်း တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်နိုင်တဲ့အဆင့်ထိ ထုတ်လုပ်သွားဖို့ အစီအစဉ်တွေ ရှိတယ်လို့ ပြောဆိုပါတယ်။ ဒါပေမယ့် ပန်းသီးပရိသတ်တဦး ကတော့ ရှောင်မီဖုန်းတွေ ဟာ ဈေးကွက်အရရော၊ နည်းပညာပိုင်းမှာပါ ပန်းသီးဖုန်းတွေကို မမီသေးပါဘူးလို့ ပြောဆိုပါတယ်။ ဒါပေမယ့် ရှောင်မီကုမ္ပဏီမှာ အမီလိုက်နိုင်မယ့် အခွင့်အလမ်းတော့ ရှိပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ကမ္ဘာ့စမတ်ဖုန်းဈေးကွက် အကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က စမတ်ဖုန်းအရောင်း ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမယ့် ရှောင်မီစမတ်ဖုန်းတွေကိုတော့ အရင်တနှစ်ကထက် ဖုန်းအလုံးရေ ၂၂၇ ရာခိုင်နှုန်း ပိုမို ရောင်းချနိုင်ခဲ့ပါတယ်။ ဖေစ်ဘွတ်ခ်ကို တည်ထောင်သူ စီအီးအို မတ် ဇူကာဘတ်ဂ်ျ(Mark Zuckerberg)က ရှောင်မီကုမ္ပဏီမှာ ရင်နှီးမြှုပ်နှံဖို့ ဆွေးနွေးမှုတွေ ရှိနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပေမယ့် လက်တွေ့ကတော့ ဖြစ်မလာသေးပါဘူး။

A d v e r t i s e m e n t With Us

More News
Up