တောင်ကိုရီးယား တပ်မတော်အကြီးအကဲ မြန်မာပြည်လာမည်

ချွိုင်ယွန်ဟီး (ဓာတ်ပုံ - koreaherald)
1.3K
တောင်ကိုရီးယားလက်နက်ကိုင်တပ်ဖွဲ့များရဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီးချွိုင်ယွန်ဟီးဟာ နှစ်နိုင်ငံ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဖို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ လာရောက်မယ်လို့ တောင်ကိုရီးယားမီဒီယာတွေက ဖော်ပြပါတယ်။
[caption id="attachment_77333" align="aligncenter" width="650"]
ချွိုင်ယွန်ဟီး (ဓာတ်ပုံ - koreaherald)[/caption]
လာမယ့် သီတင်းပတ်မှာ အင်ဒိုနီးရှားနိုင်ငံကို အရင်သွားရောက်မှာ ဖြစ်ပြီး အဲဒီနောက် မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်တယ်လို့ ဆိုးလ်မြို့ စစ်ရုံးထုတ်ပြန်ချက်ကို ကိုးကားပြီး ယွန်ဟတ်သတင်းမှာဖော်ပြပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်အပါအ၀င် မြန်မာစစ်တပ်အရာရှိတွေနဲ့ပါ တွေ့ဆုံကာ ကိုရီးယားကျွန်းဆွယ် အခြေအနေကို ရှင်းပြမှာဖြစ်ပြီး နှစ်နိုင်ငံ စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဖို့ နည်းလမ်းရှာဖွေ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြောက်ကိုရီးယားသူလျိုတွေရဲ့ လုပ်ကြံတိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား ခေါင်းဆောင် ၁၇ ဦး ကျဆုံးခဲ့ရတဲ့ ရွှေတိဂုံဘုရားခြေရင်းက အောက်မေ့ဖွယ်အထိမ်းအမှတ်နေရာကို လည်း သွားရောက်ဂါရ၀ပြုမယ်လို့ ဆိုပါတယ်။
ဒါဟာ ၁၉၈၃ ခုနှစ်က တောင်ကိုရီးယားသမ္မတချန်ဒူးဝှမ်ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေ အာဇာနည်ဗိမာန်မှာ ဗုံးခွဲလုပ်ကြံခံရပြီးကတည်းက တောင်ကိုရီးယား စစ်ဘက်အကြီးအကဲတဦး အနေနဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံး လာရောက်မှု ဖြစ်ပါတယ်။