၂၀၁၄ အော်စကာ ဆန်ကာတင် စာရင်း ကြေညာ

1.4K
၂၀၁၄ ခုနှစ် အော်စကာ အကယ်ဒမီ ရှပ်ရှင်ထူးချွန်ဆု ပေးအပ်ဖို့အတွက် ဆန်ကာတင်ရုပ်ရှင် ဇာတ်ကားစာရင်းတွေကို အမေရိကန်ပြည်ထောင်စု လော့အိန်ဂျယ်လိစ်မှာ မနေ့က ကြေညာပါတယ်။
The Grand Budapest Hotel နဲ့ Birdman ဇာတ်ကားတွေကတော့ ဆု ၉ ဆု၊ The Imitation Game က ၈ ဆု၊ Boyhood နဲ့ American Sniper တို့က ၆ ဆု၊ Whiplash၊ Interstellar၊ Foxcatcher ဇာတ်ကားတွေက ဆု ၅ ဆု အတွက် ရွေးချယ်ခံထားရပါတယ်။
မာတင်လူသာကင်းအကြောင်း ရိုက်ကူးထားတဲ့ Selma ဇာတ်ကားကတော့ မျှော်လင့်ထား သလောက် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။
အကောင်းဆုံး ဇာတ်ကားဆုအဖြစ် American Sniper၊ Birdman၊ Boyhood၊ The Grand Budapest Hotel၊ The Imitation Game၊ Selma၊ The Theory of Everything၊ Whiplash ဇာတ်ကားတွေ အရွေးချယ်ခံရပါတယ်။
ဇာတ်ကား ၁၀ ကားအထိ ရွေးချယ်လို့ ရပေမယ့် ဒီနှစ်မှာတော့ ၈ ကားပဲရွေးချယ်ခဲ့သလို ဇာတ်ကားတွေကတော့ ခန့်မှန်းသူတွေ မျှော်လင့်ထားတဲ့ ဇာတ်ကားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
The Imitation Game၊၊ The Theory of Everything၊ The Grand Budapest Hotelနဲ့ Boyhood၊ ဇာတ်ကားတွေကတော့ မကြာခင်ကပဲ ရွှေကမ္ဘာလုံးဆု ပေးပွဲမှာ အကောင်းဆုံး ထူးချွန်ဆုတွေကို ရရှိထားပါတယ်။
ဒါရိုက်တာဆုအတွက် ရွေးချယ်ခံရတဲ့သူတွေကတော့ အက်လက်ဂျန်ဒရို ဂွန်ဇာလက် အင်ညာရီတူး၊ ရစ်ချက်လင့်ကလေတာ၊ ဘင်နက်မေလာ၊ ၀က်စ်အင်ဒါဆန်နဲ့ မော်တန်တေးလ်ဒန်တို့ ရွေးချယ်ခံထားရပါတယ်။
ဒါရိုက်တာဆုရွေးချယ်မှုနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေ မပါတဲ့ အတွက် ဝေဖန်မှုတွေရှိခဲ့သလို မင်းသမီး အိန်ဂျယ်လီနာဂျိုလီက Unbroken ဇာတ်ကားကို ရိုက်ကူးခဲ့သလို အယ်ဗာဒူဗာနေးက Selma ဇာတ်ကားကို ရိုက်ကူးခဲ့တာပါ။ ဂျိုလီကားကတော့ ချီးကျူးမခံရပေမယ့် ဗာနေးကိုတော့ ဒီစာရင်းအတွက် ထိုက်တန်တယ်လို့ ပြောဆိုမှုတွေရှိပါတယ်။
အဓိက မင်းသား သရုပ်ဆောင်ဆုအတွက် စတိဗ်ကာရယ်၊ ဘလက်လေ ကူးပါး၊ ဗန်နီဒစ် ကန်ဗာဘက်ခ်ျ၊ မိုက်ကယ်ကိတန်၊ အက်ဒီ ရက်မိန်းတို့ကို ရွေးချယ်ထားပါတယ်။
ဒီအထဲမှာ ထူးချွန်ဆုအတွက် လူကြိုက်မများတဲ့ ဘလက်လေကူးပါးကို ရွေးချယ်ထားသလို Selma ဇာတ်ကားမှာ မာတင်လူသာကင်းအဖြစ် အံသြဖွယ် သရုပ်ဆောင်တဲ့ ဒေးဗစ် အိုရေးလိုဝူ ကိုတော့ ရွေးချယ်ခဲ့ခြင်းမရှိဘူးဆိုတာကို ထောက်ပြနေပါတယ်။ မိုက်ကယ် ကိတန်နဲ့ အက်ဒီရက်မိန်းတို့က ရွှေကမ္ဘာလုံးဆုပေးပွဲမှာ အကောင်းဆုံး သရုပ်ဆောင်ဆုကို ဟာသနဲ့ ဒရမ်မာဇာတ်ကားတွေအတွက် ရရှိခဲ့ပါတယ်။
အဓိက မင်းသမီး သရုပ်ဆောင်တွေအဖြစ် မာရီအွန် ကော်တီယပ်၊ ဖလီစီတီဂျုံးစ်၊ ဂျူလီယန်မိုး၊ ရိုဆာမွန်ပိုက်၊ ရိစ်ဝက်သာစပွန်းတို့ ရွေးချယ်ထားပါတယ်။
ဒီရွေးချယ်မှုကတော့ ထင်မှတ်ထားတဲ့ အတိုင်းဖြစ်ခဲ့သလို အံ့သြစရာကောင်းတဲ့ ရွေးချယ်မှုကတော့ ဂျက်နီဖာ အန်နီစတွန်ကို ကျော်ပြီးအရွေးခံရတဲ့ မာရီလွန်ကော်တီယပ်ကို ရွေးချယ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
ဇာတ်ပို့ မင်းသားဆုအဖြစ် ရောဘတ် ဒူးဗဲလ်၊ အီသန် ဟော့၊ အက်ဝပ်နော်တန်၊ မတ်ရာဖာလို၊ ဂျေ ကေ ဆီမွန် တို့ကို ရွေးချယ်ထားပါတယ်။
ဇာတ်ပို့ မင်းသမီးဆုတွေကတော့ ပက်ထရစ်ရှာ အားခက် လော်ရာဒန်၊ အန်မာ စတုံး၊ ကီရာ နိုက်တလေ၊ မယ်ရာ စထရိတ် တို့ကို ရွေးထားပါတယ်။
ဒါ့အပြင် အန်နီမေးရှင်းဇာတ်ကားဆု၊ ဖြစ်ရပ်မှန်ဇာတ်ကားဆု၊ အ၀တ်အစားဒီဇိုင်း၊ ရုပ်ရှင်တည်းဖြတ်ဆု၊ နိုင်ငံခြားဘာသာဇာတ်ကားဆု၊ မိတ်ကပ်နဲ့ ဆံပင်စတိုင်ဆု၊ ဂီတဆု၊ ထုတ်လုပ်မှု ဒီဇိုင်းဆု၊ ဇာတ်လမ်းတိုဆု၊ အသံတည်းဖြတ်ဆု၊ ဇာတ်ညွန်းဆု စတဲ့ ဆုတွေအတွက် ရွေးချယ်ခံရတဲ့ စာရင်းကိုလည်း ထုတ်ပြန်ပါတယ်။