A d v e r t i s e m e n t With Us

ဘောလုံးပြန်ကစားချင်ဟု ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုပြော

ကမ္ဘာကျော် ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက သူရဲ့ ခန္ဓာကိုယ်အနေအထား အချိုးကျကျဖြစ်လာရင်  ဘောလုံးပြန်ကစားချင်သေးတယ်လို့ ပြောဆိုလိုက်ပါတယ်။ Member of the 2014 World Cup local organizing committee Ronaldo attends a news conference in Rio de Janeiroဖီဖာကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ၃ ကြိမ်ရထားပြီး အသက် ၃၈ နှစ်အရွယ် ရော်နယ်ဒိုဟာ ၂၀၁၁ ကိုရင်သီယန်အသင်းမှာ နောက်ဆုံးကစားခဲ့ပြီး ကစားသမားဘ၀က အနားယူခဲ့ပါတယ်။ ဘောလုံးကစားရခြင်းကို ချစ်မြတ်နိုးတာကြောင့် အနားယူစဉ်က မလွယ်ကူခဲ့ကြောင်း၊ ဒါပေမယ့် ခန္ဓာကိုယ် အလွန်ဝလာတာကြောင့် ကစားဖို့ မလွယ်ကူတော့ဘူးလို့  ပြောပါတယ်။ တကယ်လို့ ခန္ဓာကိုယ်အချိုးကျကျ ပြန်ဖြစ်လာရင်တော့လည်း ကစားချင်သေးတယ်လို့ ရော်နယ်ဒိုက ဆိုပါတယ်။ သူဟာ ဘရာဇီးကလပ်တွေအပြင် ဥရောပက PSV၊ ဘာစီလိုနာ၊ အင်တာမီလန်၊ ရီးရဲမက်ဒရစ်၊ အေစီမီလန် စတဲ့ နာမည်ကြီး ကလပ်တွေမှာလည်း  ကစားခဲ့သူဖြစ်ပါတယ်။ ၂၀၀၂ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ဂျာမဏီကို အနိုင်ဂိုး ၂ ဂိုး သွင်းယူပေးခဲ့သလို ဂိုးအများဆုံးသွင်းခဲ့သူလည်းဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိ အမေရိကန် ဒုတိယတန်း ကလပ်အသင်းတခုရဲ့ ရှယ်ရာတချို့ကိုလည်း ၀ယ်ယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up