A d v e r t i s e m e n t With Us

အဲအေးရှား လေယာဉ်ပျက်ကိုယ်ထည် ရအောင်ဆယ်မည်ဟုဆို

အဲအေးရှား လေယာဉ်ပျက် ကိုယ်ထည်ကို ပင်လယ်အောက်ကနေ  မဖြစ်မနေ ဆယ်ယူမယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။ လေယာဉ်ပျက် ကိုယ်ထည်ထဲမှာ ခရီးသည်တွေရဲ့အလောင်း မရှိခဲ့ရင်တောင် မသိသေးတာတွေကို သိနိုင်ဖို့ လေယာဉ်ကိုယ်ထည်ကို ဆယ်ယူမယ်လို့ အဖွဲ့ခေါင်းဆောင် ဆိုလစ်တိုက ပြောပါတယ်။ Head of the National Search and Rescue Agency Soelistyo is seen with an image believed to be of the fuselage of AirAsia Flight QZ8501 during a news conference in Jakartaအဓိက လုပ်ငန်းဖြစ်တဲ့ ရေငုပ်ပြီး အလောင်းတွေကို ရှာဖွေတဲ့ လုပ်ငန်းကို ဆက်လုပ်သွားမယ်လို့လည်း ပြောပါတယ်။ အခုထိ မတွေ့သေးတဲ့ အလောင်းတွေ အားလုံးကို ပြန်တွေ့ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လျော်ကြေးကိစ္စကို မေးမြန်းတဲ့အချိန်မှာတော့ ပြောဖို့ စောပါသေးတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဆူရာဘာယာမြို့ကနေ စင်ကာပူကို ဦးတည်ပျံသန်းခဲ့တဲ့ အဲအေးရှားလေယာဉ်ဟာ ရာသီဥတုဆိုးတဲ့ အခြေအနေမှာ လေကြောင်း ထိန်းချုပ်ဌာနနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီးနောက် ပျက်ကျခဲ့တာပါ။ လေယာဉ်ပေါ်မှာ ၁၆၂ ဦး လိုက်ပါခဲ့ပြီး တယောက်မှ အသက်ရှင်လျက် ပြန်မတွေ့ရပါဘူး။ အခုအထိ အလောင်းပေါင်း ၅၀ ကို ရှာဖွေ ဆယ်ယူထားပြီး ဖြစ်ပါတယ်။ တော်တော်များများကိုတော့ ဆူရာဘာယာမြို့က စစ်ဆေးရေးဌာနကို ပို့ထားပြီး ဘယ်သူဘယ်ဝါဆိုတာကို စိစစ်နေပါတယ်။

A d v e r t i s e m e n t With Us

More News
Up