A d v e r t i s e m e n t With Us

အီရတ်အစိုးရတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းပြီး အိုင်အက်စ်တပ်ကို တွန်းလှန်

အီရတ်ပြည်သူ့စစ်တွေဟာ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်အကြမ်းဖက်အုပ်စုကို မြို့တော်ဘဂ္ဂဒတ်ဆီ မချီတက်နိုင်အောင် တွန်းလှန်ကာကွယ်နိုင်လိုက်ပါတယ်။ indexအိုင်အက်စ်အဖွဲ့ဟာ မနှစ်ကတည်းက နိုင်ငံအနောက်ပိုင်းနဲ့ အလယ်ပိုင်းက အန်ဘာနဲ့ နိုင်ဗာခရိုင်တွေကို သိမ်းပြီး တောင်ပိုင်းကို ဆက်လက် ချီတက်နေတာ ဖြစ်ပါတယ်။ ရှီးယားမွတ်စလင် ပြည်သူ့စစ်အဖွဲ့ဟာ အတွေ့အကြုံရှိတဲ့ တိုက်ခိုက်ရေးသမား ၆ သောင်းလောက်ရှိပြီး အီရတ်အစိုးရစစ်တပ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်နေတာပါ။ အိုက်အက်စ်အဖွဲ့တွေက မြို့တော် ဘဂ္ဂဒတ်ဆီကို ချီတက်ရာလမ်းမှာ မဟာဗျူဟာမြောက်တဲ့ ဆာလာအတ်ဒင် ခရိုင်ထဲက မြို့တော်တော်များများကိုလည်း  သိမ်းပိုက်ဖို့  ကြိုးစားနေပါတယ်။ အခုအထိ ခရိုင်မြို့တော် တီကရစ်မြို့ကို အိုင်အက်အဖွဲ့တွေက သိမ်းထားပါတယ်။ အီရတ်စစ်တပ်နဲ့ နယ်မြေခံ ပြည်သူ့စစ်တွေဟာ အိုင်အက်အဖွဲ့ကို တန်ပြန် ထိုးစစ်ပြန်ဆင်ပြီး ဆာမာရာ၊ ဘာလတ်နဲ့ ဒူလို ၀ိုင်ယာ မြို့တွေကို ပြန်သိမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မဟာဗျူဟာကျတဲ့ မိုဆူးလ်အဝေးပြေးလမ်းတလျှောက်မှာတော့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။ နှစ်ဖက် စစ်စခန်းတွေဟာ ၂ ကီလိုမီတာနီးနီးသာကွာဝေးကြပြီး အိုင်အက်အဖွဲ့က ပြည်သူ့စစ်စခန်းတွေကို အလစ်တိုက်ခိုက်နေတာ နေ့စဉ် ပြည်သူစစ် ၇ ယောက်၊ ၈ ယောက် ကျဆုံးနေပါတယ်။ လူငယ်တွေ အမြောက်အများလည်း ပြည်သူ့စစ်အဖွဲ့နဲ့ လာရောက်ပူးပေါင်းနေကြတယ်လို့ ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up