A d v e r t i s e m e n t With Us

အကြမ်းဖက်အဖွဲ့နှိမ်နင်းရေး နိုင်ဂျီးရီးယားအစိုးရ နိုင်ငံတကာ အကူအညီတောင်းခံ

နိုင်ဂျီးရီးယားနိုင်ငံမှာ ဆူပူသောင်းကျန်းနေတဲ့ ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နင်းနိုင်ဖို့ နိုင်ငံတကာ က ကူညီကြဖို့ အစိုးရက တောင်းဆိုပါတယ်။ ဒီလဆန်း ၃ ရက်နေ့က နိုက်ဂျီးရီးယား အရှေ့မြောက်ဘက် ချဒ်နိုင်ငံနယ်စပ်ကမ်းခြေက Baga မြို့မှာ လူမျိုးတုန်းသတ်ဖြတ်မှုလို့ သံသယဖြစ်ဖွယ် အခင်းမှာ ဘယ်နှစ်ဦးသေဆုံး ဒဏ်ရာရတယ်ဆိုတာကို မသိနိုင်သေးပေမယ့် နိုင်ငံတကာသတင်းဌာနကြီးတွေကတော့ လူ ၂ ထောင်လောက်အထိ သေဆုံးနိုင်သလို သောင်းနဲ့ချီပြီး အမြောက်အမြား   အိုးအိမ်စွန့်ခွာထွက်ပြေးနေရ တယ်လို့ ဖော်ပြနေကြပါတယ်။ နိုင်ဂျီးရီးယားအစိုးရ ပြောခွင့်ရသူ မိုက်ကီ အိုမီရီက   အဲဒီဒေသမှာ အစိုးရတပ်တွေနဲ့ သူပုန်ေ တွ တိုက်ပွဲ ဆက်ဖြစ်နေပြီး  နိုင်ငံတကာ အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ပြောပါတယ်။ လက်နက်အင်အားတောင့်တင်းတဲ့ ဘိုကိုဟာရမ်အဖွဲ့ကို တိုက်ခိုက်ဖို့အတွက် နိုင်ဂျီးရီးယား အစိုးရဟာ နိုင်ငံခြားကနေ လက်နက်တွေကို ၀ယ်ယူနေရတယ်လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ယူကေနဲ့ တရုတ်တို့က အကူအညီတွေ ပေးနေတယ် ဆိုပေမယ့် နည်းဗျူဟာနဲ့ အကြံဥာဏ်လောက်နဲ့ မလုံလောက်ဘူးလို့ ဆိုပါတယ်။ ဘိုကိုဟာရမ်အဖွဲ့ဟာ နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းဒေသမှာ အစ္စလာမ္မစ်နိုင်ငံ ထူထောင်ဖို့ တိုက်ခိုက်နေတဲ့ အဖွဲ့ ဖြစ်ပြီး နိုင်ဂျီးရီးယားအစိုးရအတွက် အကြီးဆုံး ပြဿ     နာ ဖြစ်ပါတယ်။ bokoဒါပေမယ့် အကြမ်းဖက်မှုတွေ အဆိုးရွားဆုံး ဖြစ်နေတဲ့ ဒေသတွေဟာ အတိုက်အခံတွေ အားကောင်းတဲ့ ဒေသတွေ ဖြစ်လို့ အစိုးရဟာ သူပုန်တွေကို သုံးပြီး နိုင်ငံရေး ကစားနေတယ်လို့ လည်း စွပ်စွဲကြပါတယ်။ လေ့လာသူတွေကတော့ အကြမ်းဖက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာကြောင့်  လာမယ့်လကျင်းပမယ့် အထွေထွေရွေး ကောက်ပွဲအပေါ် ခြိမ်းခြောက်နေတယ်လို့  ဆိုပါတယ်။ ရွေးကောက်ပွဲမှာ ၅ နှစ်သက်တမ်းထမ်းဆောင်မယ့် သမ္မတသစ်ကို ပြည်သူတွေက ရွေးချယ် မှာ ဖြစ်ပါတယ်။ အစိုးရ ပြောခွင့်ရ သူက မငြိမ်မသက် ဖြစ်နေတဲ့ ဒေသတွေကို တည်ငြိမ်းအေးချမ်းအောင်၊ အစိုးရက ဆောင်ရွက်နေတယ်လို့  ပြောပါတယ်။ ၅ နှစ်ကြာနေပြီဖြစ်တဲ့ ဘိုကိုဟာရမ်သောင်းကျန်းမှုအတွင်း လူပေါင်းထောင်ချီသေဆုံးခဲ့ပြီး ၁ သန်းခွဲခန့် အိုးအိမ်တွေ စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။  

A d v e r t i s e m e n t With Us

More News
Up