A d v e r t i s e m e n t With Us

အမေရိကန် စစ်ပြန်တဦးကို လူသတ်မှုဖြင့် သေဒဏ်ပေး

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်မှာ ဗီယက်နမ်စစ်ပြန်တယောက်ကို လူသတ်မှုနဲ့ သေဒဏ်ပေး ကွပ်မျက်ခဲ့ပါတယ်။ Andrew Howard Brannanအခုလက်ရှိအသက် ၆၆ နှစ်အရွယ် အန်ဒရူး ဘရန်နန်ဟာ ၁၉၉၈ ခုနှစ်က ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ လက်ထောက်ဖြစ်သူ အသက် ၂၂ အရွယ် ကက်ဒင်ကဲလားကို  မီးပွိုင့်မှာ သေနတ်နဲ့ ၉ ချက် ပစ်ခတ်ခဲ့တဲ့အတွက် သေဒဏ်စီရင်ခံရ တာဖြစ်ပါတယ်။ ပစ်ခတ်မှုအဖြစ်အပျက်ကို ကက်ဒင်ကဲလားရဲ့ ကင်းလှည့်ကား ဗွီဒီယိုမှတ်တမ်းက သက်သေခံ နေသလို၊ တရားခံကိုယ်တိုင်က ၀န်ခံခဲ့ပါတယ်။ တရားခံရဲ့ ရှေ့နေက သူ့အမှုသည်မှာ စိတ်မူမမှန်တဲ့ ဝေဒနာရှိတယ်လို့ အသနားခံပြီး သေဒဏ်အမိန့်ကို ဆိုင်းငံ့ထားဖို့ တင်ပြပေမယ့် ဂျော်ဂျီယာတရားရုံးချုပ်နဲ့ ပြည်ထောင်စု တရားရုံး ချုပ်တို့ကလည်း ပယ်ချခဲ့ပါတယ်။ တရားခံကို မနေ့မနက်ပိုင်းက ဆေးထိုးပြီး ကွပ်မျက်လိုက်တယ်လို့ အစိုးရရှေ့နေချုပ်ရုံးက ကြေညာခဲ့ပါတယ်။ အသတ်ခံခဲ့ရတဲ့ ကက်ဒင်ကဲလားရဲ့ ဖခင်က ဘယ်လိုနည်းနဲ့မှ သူ့သား အသက်ပြန်မရှင်လာ နိုင်ပေမယ့် တရားမျှတမှုတော့ ပေါ်ပေါက်လာပြီလို့ သူရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထား ပါ တယ်။

A d v e r t i s e m e n t With Us

More News
Up