အာရှဖလား ယူအေအီးနှင့် အီရန် ကွာတားတက်

1.3K
သြစတြေးလျနိုင်ငံမှာ ဒီကနေ့ ကျင်းပတဲ့ အာရှဖလားဘောလုံးပြိုင်ပွဲ အုပ်စု (ဂ) ပွဲစဉ်မှာ ယူအေအီးက ဘာရိန်းအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီပွဲမှာ ယူအေအီးအသင်းက ပွဲစပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ အဖွင့်ဂိုးသွင်းခဲ့တဲ့အတွက် အာရှ ဖလား ပြိုင်ပွဲမှာ အမြန်ဆုံး ဂိုးတဂိုးဖြစ်ခဲ့ပါတယ်။
ဒီအတွက် ယူအေအီးအသင်းက ၂ ပွဲကစား ၂ပွဲနိုင် ၆ မှတ်နဲ့ အုပ်စု ပထမနဲ့ ကွားတား ဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။
ဒုတိယပွဲစဉ်ဖြစ်တဲ့ အီရန်နဲ့ ကာတာ အသင်းပွဲစဉ်မှာတော့ အီရန်က ကာတာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်သွားပါတယ်။
ဒီအတွက် အီရန် အသင်းက ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့ အုပ်စု ပထမနဲ့ ကွားတား ဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။
ယူအေအီး-ဘာရိန်း (ဓာတ်ပုံ - AFC)
[gallery ids="77231,77232,77233,77234,77235"]
ကာတ-အီရန် (ဓာတ်ပုံ - AFC)
[gallery ids="77236,77237,77238"]