A d v e r t i s e m e n t With Us

အမေရိကန်လွှတ်တော်ကို တိုက်ခိုက်ရန် ကြံစည်သူ ဖမ်းဆီးခံရ

ဝါရှင်တန်ဒီစီရှိ အမေရိကန်လွှတ်တော်အဆောက်အအုံကို တိုက်ခိုက်ဖို့ ကြံစည်သူ လူငယ်ကို  မနေ့က ဖမ်းဆီးခဲ့တယ်လို့  အိုဟိုင်းဟိုးပြည်နယ် တရားရုံးက ပြောပါတယ်။ _80279046_025417153-1အိုဟိုင်းဟိုးပြည်နယ်မှာနေတဲ့  အသက် ၂၀ အရွယ် ခရစ္စတိုဗာ ကောနယ်လ် ဆိုတဲ့ လူငယ်ဟာ ဗုံးလုပ်နည်းတွေကို လေ့လာခဲ့ပြီး လက်နက် ခဲယမ်းတွေကိုလည်း ၀ယ်ယူခဲ့တာကို အက်ဖ်ဘီအိုင် (ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို) လျှို့ဝှက်ထောက်လှမ်းရေး အရာရှိတယောက်က ဖော်ထုတ် နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။ ခရစ္စတိုဗာ ၀ယ်ယူခဲ့တဲ့ လက်နက်တွေထဲမှာ အော်တိုမက်တစ် ရိုင်ဖယ် ၁ လက်နဲ့ ကျည်ဆန်အတောင့် ၆၀၀ ပါဝင်ပါတယ်။ သူဟာ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာလည်း  အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အကြမ်းဖက်အဖွဲ့ကို ထောက်ခံတယ်လို့ ရေးသားခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလမှာ အက်ဖ်ဘီအိုင်စုံထောက်နဲ့ တွေ့ဆုံစဉ်တုန်းက ကွန်ဂရက်အမတ်တွေကို သူ့ရန်သူအဖြစ် သဘောထားကြောင်း ခရစ္စတိုဗာက ပြောဆိုခဲ့တယ်လို့ တရားရုံးရဲ့ မှတ်တမ်းက ဆိုပါတယ်။ လွှတ်တော်အနီးမှာ  ဗုံးထောင်မယ့်အစီအစဉ်၊ လွှတ်တော်ဝန်ထမ်းတွေနဲ့ အရာရှိတွေကို သေနတ်နဲ့ပစ်သတ်မယ့် အစီအစဉ်တွေကိုလည်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို အစိုးရ အရာရှိကို သတ်ဖြတ်ဖို့ ကြံစည်မှု၊ ရာဇ၀တ်မှု ကျူးလွန်နိုင်လောက်တဲ့ လက်နက်ခဲယမ်းတွေ အမြောက်အမြား ပိုင်ဆိုင်မှုတို့နဲ့ အိုဟိုင်ဟိုးမှာ ရှိတဲ့ ပြည်ထောင်စုတရားရုံးမှာ တရားစွဲထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up