မက်ဆီပရိသတ်ဖြစ်နေသည့် စီရော်နယ်ဒိုသား

1.7K
ကမ္ဘာအကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံရတဲ့ ရော်နယ်ဒိုရဲ့သားကတော့ ဒီဆုအတွက် ပြိုင်ဘက်ဖြစ်နေတဲ့ လိုင်ယွန်နယ် မက်ဆီကို လေးစားအားကျတဲ့ ပရိသတ်တဦး ဖြစ်နေပါတယ်။
ဒီဆုပေးပွဲအခမ်းအနား ဗွီဒီယိုမှာတော့ မက်ဆီက စီရော်နယ်ဒိုရဲ့သားကို ရင်းရင်းနှီးနှီးနှုတ်ဆက်နေသလို ခေါင်းပွတ်ပြီး သူရဲ့ အခြေအနေကို မေးမြန်းနေပါတယ်။
[caption id="attachment_77205" align="aligncenter" width="580"]
စီရော်နယ်ဒိုနှင့်သားဖြစ်သူ (ဓာတ်ပုံ - ရိုက်တာ)[/caption]
ရော်နယ်ဒိုက “အင်တာနက်က ကျနော်တို့ အကြောင်း ဗွီဒီယိုကို သူက ကြည့်ပြီးတော့ ခင်ဗျားအကြောင်း ပြောနေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် သူသားကိုလည်း အခုမှ ရှက်တက်တက်မဖြစ်နဲ့လို့လည်း ပြောလိုက်ပါတယ်။ အရင်က မီဒီယာတွေမှာ ဒီ ၂ ဦးဟာ မျက်နှာချင်းဆိုင်လို့မရအောင် တင်းမာမှုတွေ ရှိနေတယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။