A d v e r t i s e m e n t With Us

ပေါ်တူဂီ၏ နှစ် ၁၀၀ အတွင်း အကောင်းဆုံးနည်းပြအဖြစ် မော်ရင်ဟိုကို ရွေးချယ်

football-club-soccer-pre-season-friendly-match-jose-mourinho_3173619ချဲလ်ဆီး နည်းပြ မော်ရင်ဟို ကို ပေါ်တူဂီရဲ့ နှစ် ၁၀၀ အတွင်း အကောင်းဆုံး နည်းပြအဖြစ် ရွေးချယ်လိုက်ပါတယ်။ ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် နှစ် ၁၀၀ ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် ရွေးချယ်တာ ဖြစ်ပြီး ဇန်န၀ါရီလ ၁၄ ရက်နေ့ ညပိုင်းမှာ ကြေညာပါတယ်။ မော်ရင်ဟို လက်ထက်  ချယ်လ်ဆီ အသင်းဟာ ပရီးမီးယား လိဂ်မှာ ထိပ်ဆုံးအသင်း ဖြစ်လာသလို၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရရှိခဲ့ပါတယ်။ aမ်ာရင်ဟိုဟာ ၂၀၀၄ ခုနှစ်က ပေါ်တူဂီအသင်း F.C. Porto အသင်းကို ကိုင်ခဲ့တဲ့အချိန်က တကြိမ်၊  ၂၀၁၀ မှာ အီတလီ နာမည်ကျော် အသင်း  Inter Milan  အသင်းကို ကိုင်ခဲ့စဉ်ကလည်း တကြိမ် ချန်ပီယံလိဂ် ဖလားကို ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ အခုဆိုရင် မော်ရင်ဟိုဟာ ပေါ်တူဂီ အသင်းတွေနဲ့ ကင်းကွာနေတာ ၁၂ နှစ် ရှိပါပြီ။ ဒါပေမယ့် ဘယ်အသင်းရဲ့ နည်းပြ ဖြစ်နေပါစေ၊ ပေါ်တူဂီ အားကစားသမားတယောက်အဖြစ်၊ ပေါ်တူဂီ နိုင်ငံသားတယောက်အဖြစ် အမြဲတမ်းဂုဏ်ယူတယ်လို့ ဆုလက်ခံစဉ်မှာ မော်ရင်ဟိုက ပြောပါတယ်။ မော်ရင်ဟိုဟာ ၂၀၀၄ ခုနှစ်မှာ ပေါ်တူဂီ ကလပ်အသင်း  Porto အသင်း အောင်မြင်မှုတွေနဲ့ စတင် ထင်ရှားလာသူ ဖြစ်ပါတယ်။ ပေါ်တူဂီလူမျိုး ဘောလုံး နည်းပြတယောက်အနေနဲ့ ပေါ်တို အသင်းနဲ့ အတူ အောင်မြင်မှုတွေဟာ  သူ့ဘ၀မှာ အရေးကြီးတဲ့ မှတ်ကျောက်ဖြစ်ခဲ့သလို၊ ပေါ်တိုအသင်းကို နောက်တကြိမ်အောင်မြင်တာကို မြင်ချင်တယ်လို့လည်း မော်ရင်ဟိုက ဆုလက်ခံရင်းနဲ့ ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up