A d v e r t i s e m e n t With Us

ကချင်ဝန်ကြီးတဦး ခေတ္တထိန်းသိမ်းခံရပြီး လုံခြုံရေးရဲ ၃ ဦး ဖမ်းဆီးခေါ်ဆောင်

KIAမိုးကောင်း-ကာမိုင်း-ဖားကန့် လမ်းကြောင်း  စစ်ဆေးကြည့်ရှုနေတဲ့  ကချင်ပြည်နယ်  လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးကို ကေအိုင်အေအဖွဲ့က ခေတ္တထိန်းသိမ်းပြီး အနီးကပ် လုံခြုံရေး လိုက်ပါသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို  ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ မနေ့က  ဖားကန့်မြို့နယ် ဟွေလုံကျေးရွာအနီးမှာ  ကေအိုင်အေ တပ်ဖွဲ့ဝင် ၂၅ ဦးလောက်က  ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နဲ့ အဖွဲ့ကို လမ်းပိတ်ဆို့ တားဆီး စစ်ဆေးခဲ့ပြီး  သူရဲ့  လုံခြုံရေးအတွက် လိုက်ပါသွားတဲ့  ဒုရဲအုပ် အပါအ၀င် ရဲ ၃ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့  ပြန်ကြားရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ပါတယ်။ ရဲတပ်ဖွဲ့ဝင် ၃ ဦး  အမြန်ဆုံးပြန်လည် လွှဲပြောင်းပေးနိုင်ရေးအတွက် မြစ်ကြီးနားမြိုက ပဋိပက္ခ ဖြေရှင်းရေး ညှိနှိုင်းရေးအဖွဲ့နဲ့ ကေအိုင်အေ နည်းပညာဆိုင်ရာ အကြံပေးအဖွဲတို့ကို ဆက်သွယ်ထားပြီး  ကေအိုင်အေအဖွဲ့ကို  နယ်မြေခံ တပ်မတော်စစ်ကြောင်းက လိုက်လံရှင်းလင်း နေတယ်ဆိုတဲ့ အကြောင်းလည်း  ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up