A d v e r t i s e m e n t With Us

ပါရီတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် ဂျူးလူမျိုး ၄ ဦး၏ နိုင်ငံတော်ဈာပန ကျင်းပမည်

လွန်ခဲ့တဲ့သီတင်းပတ်က ပြင်သစ်နိုင်ငံ ပါရီမြို့နားက ဂျူးလူမျိုးပိုင် ဈေးဝယ်ကုန်တိုက်မှာ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တဲ့ ဂျူး ၄ ဦးကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပဖို့ အလောင်းတွေကို မနေ့က အစ္စရေးနိုင်ငံကို ပြန်လည်သယ်ဆောင်ပါတယ်။ နိုငံတော် ဈာပနအခမ်းအနားကို အစ္စရေးသမ္မတ ရူဗင် ရက်ဗလင်နဲ့ ၀န်ကြီးချုပ် နေတန်ယာဟု တက်ရောက်မှာဖြစ်ပါတယ်။ ပါရီက ထင်ရှားတဲ့ မဂ္ဂဇင်းတိုက်ကို အကြမ်းဖက်သမား ညီအစ်ကိုက ၀င်ရောက် ပစ်ခတ်ခဲ့ပြီးနောက် ၂ ရက်အကြာမှာ အကြမ်းဖက်သမား နောက်တယောက်က ကုန်တိုက်တခု ကို ၀င်စီးပြီး ဂျူးလူမျိုးတွေကို ဓားစာခံအဖြစ် ဖမ်းဆီး ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာ ဖြစ်ပါ တယ်။ ဖြစ်စဉ် ၂ ခုမှာ ရဲတဦး၊ မဂ္ဂဇင်းတိုက်ရဲ့အကျော်ကြားဆုံး ကာတွန်းဆရာ ၅ ဦး အပါအ၀င် စုစုပေါင်း ၁၇ ဦးသေဆုံးခဲ့ပါတယ်။ အကြမ်းဖက်သမား ၃ ယောက်စလုံးလည်း အသေ ပစ်ခတ် ဖမ်းဆီးမိခဲ့ပါတယ်။ [gallery ids="77147,77148,77149"]

A d v e r t i s e m e n t With Us

More News
Up