A d v e r t i s e m e n t With Us

ရေနံဈေးနှုန်းအကျပ်အတည်း ဆွေးနွေးရန် ဗင်နီဇွဲလားသမ္မတ အယ်လ်ဂျီးရီးယား ရောက်ရှိ

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုဟာ ရေနံဈေးနှုန်း အကျပ်အတည်းကိစ္စကို ဆွေးနွေးဖို့ ဇန်န၀ါရီလ ၁၁ ရက်နေ့က အယ်လ်ဂျီးရီးယားနိုင်ငံကို ရောက်ရှိပါတယ်။ ရေနံဈေးက ၁ စည်ကို ၄၉ ဒေါ်လာအောက် ကျနေတာကြောင့် ဗင်နီဇွဲလားနိုင်ငံရဲ့ တဖြည် ဖြည်း ကျဆင်းနေတဲ့ စီးပွားရေးကို ပိုဆိုးသွားစေပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ် မာဒူရိုနဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေဟာ အထိမ်းအကွပ်မဲ့ ကျဆင်းနေတဲ့ ရေနံဈေးနှုန်းအတွက် ငွေကြေးထောက်ပံ့ပေးဖို့နဲ့ အိုပက်အဖွဲ့ရဲ့ အရေးယူ ဆောင်ရွက်ပေး မှုတွေကို ရရှိစေဖို့ တရုတ်၊ ရုရှားနဲ့ တခြားရေနံထုတ်လုပ်တဲ့ နိုင်ငံတွေဆီ သွား ရောက်ခဲ့ပါ သေးတယ်။ သမ္မတ မာဒူရို ဟာ ကာတာနဲ့ အယ်လ်ဂျီးရီးယားနိုင်ငံကို မသွားရောက်ခင် ဇန်န၀ါရီ ၁၁ နေ့ကလည်း ဆော်ဒီအိမ်ရှေ့မင်းသား ဆာလ်မန်နဲ့ ရေနံဈေးနှုန်းအခြေအနေကို ဆွေးနွေးခဲ့ပါ တယ်။ ဗင်နီဇွဲလားနိုင်ငံဟာ ခရစ္စမတ်ကာလ ပစ္စည်းဝေချိန် ပြီးဆုံးသွားချိန်ကတည်းက ကလေး အသုံးအဆောင် ပစ္စည်းတွေကအစ ဂျုံသီးနှံအထိ ကုန်ပစ္စည်းတွေအားလုံး ပြတ်လပ်သွားတာကို ကြုံနေရတာပါ။ နိုင်ငံတ၀န်း စားနပ်ရိက္ခာ အသုံးအဆောင်တွေ ပြတ်လပ်လို့ အရုဏ်မတက်ခင် ကတည်းက စတိုးဆိုင်တွေရှေ့မှာ ဈေးဝယ်သူတွေ တန်းစီစောင့်ဆိုင်းနေ ကြပါ တယ်။ ဝေဖန်သူတွေကတော ဗင်နီဇွဲလားရဲ့ စီးပွားရေးကျဆင်းမှုဟာ သွင်းကုန်ပစ္စည်းတွေ အတွက် ၁၂ နှစ်ကြာ ငွေကြေးဖလှယ်ရေး ထိန်းချုပ်မှုစနစ်လို ဆိုရှယ်လစ်မူဝါဒကြောင့် ဖြစ် တယ်လို့ ပြောပါတယ်။ နိုင်ငံပိုင် စူပါမားကက်တွေမှာတော့ သက်သေခံကတ်ပြားတွေပေါ် မူတည်ပြီး ပစ္စည်း ၀ယ်ယူနိုင်ခွင့်တွေကို စတင်ကန့်သတ်နေပြီဖြစ်ပါတယ်။ [gallery ids="77139,77140,77141,77142"]

A d v e r t i s e m e n t With Us

More News
Up