
အီရန်နျူးကလီးယားအရေး ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို မနေ့က ရောက်ရှိပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗတ် ဇာအိနဲ့ တွေ့ဆုံတဲ့အခါ နောက်ထပ် ညှိနှိုင်း မှုတွေအတွက် မူဘောင်ချမှတ်နိုင်အောင် ကြိုးစားမယ်လို့ ဂျွန်ကယ်ရီက တနင်္လာနေ့တုန်းက ပြောဆိုထားပါတယ်။။
နိုဝင်ဘာလ နောက်ဆုံးထားပြီး အပြီးသတ်သဘောတူလက်မှတ်ထိုးကြမယ့်အစီအစဉ် ပျက်ပြယ်ခဲ့ရပြီးနောက် ထပ်မံကြိုးပမ်းမှု ဖြစ်ပါတယ်။။
အမေရိကန် ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ရုရှား၊ တရုတ်တို့နဲ့ အီရန်တို့ဟာ အီရန် နျူးကလီးယားအစီအစဉ် ဆိုင်းငံ့ထားဖို့နဲ့ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးဖို့ ၂၀၁၃ ခုနှစ်တုန်းက ကနဦး သဘောတူညီခဲ့ကြပါတယ်။
ပိုမိုကျယ်ပြန်တဲ့ အပြီးသတ် သဘောတူညီချက်ကို မနှစ်နိုဝင်ဘာလအမီ ချုပ်ဆိုနိုင်ဖို့ ရည်မှန်းဆွေးနွေးခဲ့ကြပေမယ့် ညှိနှိုင်းမှု မအောင်မြင်ဘဲ နောက်ထပ် ၇ လ သက်တမ်းတိုးထားပါ တယ်။။
အီရန် နျူးကလီးယား သန့်စင်ရေး စွမ်းဆောင်ရည်ကို ဘယ်အတိုင်းအတာအထိ ခွင့်ပြုမလဲ၊ ဒဏ်ခတ်ပိတ်ဆို့မှုကို ဘယ်အတိုင်းအဆကို လျော့ချမလဲ စတဲ့ ကိစ္စတွေမှာ ညှိနှိုင်းမရဘဲ တစ်ဆို့ နေတာလို့ အီရန်နဲ့ အနောက်နိုင်ငံ အရာရှိတွေရဲ့ အဆိုအရ သိရပါတယ်။