A d v e r t i s e m e n t With Us

အဲအေးရှား ကိုယ်ထည်တွေ့ပြီ

10922479_762393173853944_1753099390109117722_nအင်ဒိုနီးရှားကနေ စင်ကာပူကို ထွက်ခွာရာမှာ ပျက်ကျသွားတဲ့ အဲအေးရှား လေယာဉ်ကိုယ်ထည်ကို ဂျားဗား ပင်လယ်မှာတွေ့ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ စကာင်္ပူ ကာကွယ်ရေး ၀န်ကြီးက မောင်းသူမဲ့ယာဉ်ကနေ ရိုက်ယူထားတဲ့ ဓာတ်ပုံတွေကို လူမှုရေးကွန်ယက် ဖေ့ဘွတ် စာမျက်နှာပေါ် တင်ခဲ့တာဖြစ်ပြီး ဒါပုံတွေက QZ8501လေယာဉ် အစိတ်အပိုင်းအဖြစ် အတည်ပြုနိုင်တယ်လို့ ပြောပါတယ်။ စကာင်္ပူက အင်ဒိုနီးရှား ရှာဖွေ ကယ်ဆယ်ရေး အသင်းကို ဆယ်ယူရေးလုပ်ငန်းတွေ စတင်နိုင်ဖို့ အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။ ဒီဇင်ဘာ ၂၈ ရက်နေ့က ဆက်သွယ်လို့ မရတဲ့ ဒီလေယာဉ်ပေါ်မှာ လူ ၁၆၂ ဦး လိုက်ပါသွားခဲ့ပါတယ်။ အရင်ရက်ပိုင်းကတော့ ရုပ်အလောင်းတချို့ကို ရှာဖွေနိုင်ခဲ့ပေမယ့် ခရီးသည်နဲ့ လေယာဉ်မှူးတွေကတော့ လေယာဉ်ထဲမှာ ရှိနေမယ်လို့ ယူဆနေကြပါတယ်။ ဒါအပြင် လေယာဉ်နဲ့ပတ်သက်တဲ့ ခရီးစဉ်ကို မှတ်တမ်းတင်ထားတဲ့ ဘလက်ဘောစ်နဲ့ လေယာဉ်အမြီးပိုင်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up