Home
မြန်မာသတင်း
ဥပဒေသစ်ကြောင့် အရပ်ဖက်အဖွဲ့အစည်းများ အခက်ကြုံ
နော်နိုရင်း
·
January 14, 2015
အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်မလာတဲ့အပြင် ဥပဒေ သစ်ကြောင့် အကျပ်အတည်းတွေ ကြုံတွေ့နေရတယ်လို့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက  ပြောပါတယ်။ 10934054_580148548786498_451948955433470565_nမြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများအဖွဲ့ရဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာက ဥပဒေသစ်တွေကြောင့် အခက်အခဲတွေကို  ရန်ကုန်မှာ သတင်းစာရှင်းလင်းပါတယ်။ သူက “ဥပမာအားဖြင့် ပုဒ်မ ၁၈ ပေါ့။ နောက် ဟို့အရင်ကတည်းကရှိတဲ့ဥပဒေက အခုချိန်ဆက်ပြီး အသက်ဝင်နေသေးတယ်။ အဲဒီဥပဒေ တွေက ကျမတို့ ပြည်သူလူထုတွေရဲ့ လွတ်လပ်စွာ စုဝေးနိုင်ခွင့်၊ စည်းရုံးနိုင်ခွင့်၊ ငြိမ်းချမ်စွာ စုဝေးနိုင်ခွင့် ဆိုတဲ့ အခြေခံ လူ့အခွင့်အရေးတွေကိုလာပြီး ဖောက်ဖျက်ရုံမကဘဲနဲ့ ပြည်သူလူထုက ဖွဲ့စည်းပုံမှာပါတဲ့ သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးကို လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ အုပ်ချုပ်ရေးပိုင်းကနေပြီး ဖွဲ့စည်းပုံကိုကျော်ပြီးတော့မှ ဖမ်းဆီးတာ၊ ခြိမ်းခြောက်တာ အထူးသဖြင့် အခု နောက်ဆုံး လယ်သူမကြီး ဒေါ်ခင် ၀င်းကိစ္စမှာ ဆန္ဒပြကြတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေဖြစ်ကြတဲ့ မနော်အုန်းလှတို့၊ ကိုနေမျိုးဇင်တို့လို လူတွေကိုပါ ဖမ်းဆီးတယ်။ ဒီလိုကိစ္စရပ်တွေဟာ ကျမတို့ နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှာ အင်မတန်မှ မဖြစ်သင့်တဲ့ကိစ္စတွေဖြစ်တယ်။” ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စား မစ္စယန်ဟီးလီနဲ့ တွေ့ဆုံမှုမှာ   စစ်ကောင်စီလက်ထက်ကအတိုင်း အစစ်အဆေးထူပြောတယ်လို့ ပြောပါ တယ်။ “ကျမတို့ အရင်တပတ်က မစ္စယန်ဟီလီနဲ့တွေ့တဲ့ အချိန်တုန်းက ဆိုရင် ကုလသမဂ္ဂရုံးရှေ့မှာတင်ကိုပဲ ဒီထောက်လှမ်းရေးရော၊ ရဲဝတ်စုံတွေနဲ့ရော လာပြီး စောင့်နေပြီးတောမှ ဓါတ်ပုံရိုက်တာ၊ ပြီးတော့ ဖုန်းတွေနဲ့ခေါ်ပြီးတော့ ဘယ်သူနဲ့တွေ့တာလဲ၊ ဘာတွေပြောတာလဲ။ ဒီလိုမျိုးတွေ လုပ်တာတွေလေ။ ဆိုတော့ အဲဒါတွေက ဟိုအရင် စစ်အာဏာရှင်လက်ထဲမှာတုန်းက လုပ်တဲ့ဟာတွေလေ။ ပြီးတော့ ကျမတို့ လူ့အခွင့်အရေးလှုပ်ရှားတဲ့သူတွေရဲ့ အနောက်ကနေပြီးတော့မှ လိုက်ပြီးစောင့်ကြည့်နေတာတွေ၊ အိမ်တွေ မှာ စောင့်ကြည့်နေတာတွေ ဒါမျိုးတွေ အရမ်းလုပ်တယ်။” အစိုးရက အရပ်ဖက်လူ့အဖွဲ့အစည်းအတွေကို ရန်သူလို သဘောမထားသင့်ဘဲ  ထောက်ပြဝေဖန်မှုကို အပြုသဘောနဲ့ အကောင်အထည်ဖော်ဖို့လည်း သူက တိုက်တွန်း ပါတယ်။ “ကျမတို့ လူ့အဖွဲ့အစည်းတွေဟာ အစိုးရရဲ့ ရန်သူမဟုတ်ဘူး။ ကျမတို့ဟာ ဒီမိုကရေစီရဲ့ လမ်းကြောင်းပေါ်မှာ ပြည်သူအတွက် တာဝန်ယူမှု တာဝန်ခံမှု အစိုးရဖက်က မှန်ကန်အောင်၊ ပွင့်လင်းမြင်သာမှုရှိအောင် ထိန်းညှိပေးရတဲ့ အဖွဲ့တွေ ဖြစ်တယ်။ လူ့အခွင့်အရေးကိစ္စသည် ပြည်သူ့အတွက်ဖြစ်တဲ့အတွက်ကြောင့် ကျမတို့ဟာ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ဖို့ လုပ်တဲ့သူတွေဖြစ်တဲ့အတွက်  ပြည်သူလူထုအခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်ဆိုရင် ကျမတို့က ပြောမှာပဲ။ ပြောဖို့တာဝန်ရှိတယ်။ ဒီလိုပြောတဲ့ကိစ္စတွေသည် တိုင်းပြည်နဲ့လူထု ကောင်းကျိုးအတွက် ပြောတာဖြစ်တယ်။ ဒီလိုမျိုးကျမတို့ရဲ့ ထောက်ပြချက်တွေ၊ ဝေဖန် အကြံပြုချက်တွေကို အပြုသဘောနဲ့ မြင်ပြီးတော့ မှန်မှန်အကောင်အထည်ဖော်မှ သာလျှင် တိုင်းပြည်က ရှေ့ရောက်မှာဖြစ်တယ်။”  လို့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ မြန်မာနိုင်ငံတွင်းမှာ အရပ်ဖက်အဖွဲ့အစည်းနဲ့ ကွန်ရက်ပေါင်း ၁၀၀ ကျော်ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024