အာရှဖလားပွဲတွင် ဆော်ဒီနှင့် တရုတ်တို့ အနိုင်ရ

1.6K
သြစတေးလျနိုင်ငံမှာ ဒီကနေ့ ယှဉ်ပြိုင်ကစားနေတဲ့ ၁၆ ကြိမ်မြောက် အာရှဖလား အုပ်စု (ခ) ပွဲစဉ်မှာတော့ ဆော်ဒီအာရေဗီးယားက မြောက်ကိုးရီးယားကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
မြောက်ကိုးရီးယားက အဖွင့်ဂိုး စတင်သွင်းယူခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ ဆော်ဒီ တိုက်စစ်ကို မခုခံနိုင်ဘဲ ရှုံးနိမ့်သွားခဲ့ ပါတယ်။
ဆော်ဒီအသင်းကတော့ ၂ ပွဲကစား ၁ ပွဲရှုံး ၁ ပွဲနိုင်နဲ့ ၃ မှတ် ရရှိထားသလို မြောက်ကိုးရီးယားကတော့ ၂ ပွဲကစား ၂ ပွဲရှုံးနဲ့ တမှတ်မှ မရသေးဘဲ ပြိုင်ပွဲကနေ ထွက်ခွာရမယ့် အလားအလာရှိနေပါတယ်။
ဒါအပြင် ဒီကနေ့ ကစားတဲ့ တရုတ်နဲ့ ဥဇဘက်ကစ္စတန်ပွဲစဉ်မှာတော့ တရုတ်အသင်းက ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဥဇဘက်ကစ္စတန်က ပထမပိုင်းပြီးတဲ့ အချိန်ထိ ၁ ဂိုးနဲ့ ဦးဆောင်ထားခဲ့ပေမယ့်လည်း တရုတ်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ထပ်မံသွင်းယူသွားတာ ဖြစ်ပါတယ်။
တရုတ်အသင်းကတော့ ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့ ဒုတိယအဆင့်ကို တက်ရောက်သွားပြီသလို ဥဇဘက်ကစ္စတန်ကတော့ ၂ ပွဲကစား ၁ပွဲရှုံး ၁ ပွဲနိုင်နဲ့ ၃ မှတ်ရရှိထားပါတယ်။
[gallery ids="77112,77113,77114"]