A d v e r t i s e m e n t With Us

ဆိုနီကွန်ပျူတာစနစ် ဖောက်ထွင်းမှု စွပ်စွဲချက် မြောက်ကိုရီးယား ငြင်းဆန်

ဆိုနီ ရုပ်ရှင်ကုမ္ပဏီရဲ့ ကွန်ပျူစနစ်ကို ဖောက်ထွင်းတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် အစိုးရဲရဲ့ စွပ်စွဲချက်ကို မြောက်ကိုရီးယားက အခိုင်အမာ ငြင်းဆန်လိုက်ပါတယ်။ north koreiaနယူးယော့ခ် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  မြောက်ကိုရီးယားသံတမန် အန်မြောင်ဟန်က ဆိုနီ ကုမ္ပဏီကို တိုက်ခိုက်တဲ့ ကိစ္စဟာ မြောက်ကိုရီးယားနဲ့ ဘယ်လိုမှ မပတ်သက်ကြောင်း၊ စဉ်းစားမရတဲ့ ကိစ္စဖြစ်တယ်လို့ ငြင်းဆန်ပါတယ်။ စုံစမ်းမှုတွေကိုလည်း မြောက်ရီးယားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်အစိုးရကို ဖိတ်ခေါ်ထားတယ်လို့ ပြောပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှု နောက်ဆက်တွဲအဖြစ် အမေရိကန်က မြောက်ကိုရိးယားကို ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ တိုးဖို့ ပြင်ဆင်နေချိန်မှာ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား လက်ထောက်သံအမတ်ကြီးက အခုလို ငြင်းလိုက်တာပါ။ ဒီစွပ်စွဲချက်ဟာ မြောက်ကိုရီးယားအပေါ် အမေရိကန်က ရန်လိုတဲ့ မူဝါဒ တခုဖြစ်ပြီး ရတဲ့ နည်းနဲ့ ဖိအားပေးဖို့ ကြိုးစားတာ ဖြစ်လို့ လက်ခံမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။။ မြောက်ကိုရီးယားက နျူးကလီးယား အစီအစဉ်ကို ရပ်ဆိုင်းဖို့ ဖိအားပေးတဲ့အနေနဲ့ နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချထားပေမယ့် မြောက်ကိုရီးယားကတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ စစ်ရေးလေ့ကျင့်ခန်းတွေကို အရင်ဆုံး ရပ်ဖို့ တောင်းဆိုပါတယ်။ ကိုရီးယား ကျွန်းဆယ်မှာ စစ်ဖြစ်နိုင်တဲ့ အန္တရာယ်ကို ရှောင်ရှားဖို့ဆိုရင် ဒီနှစ်မှာ တောင်ကိုရီးယား ဘက်အခြမ်းမှာ အမေရိကန်က စစ်ရေးလေ့ကျင့်တာကို အရင်ဆုံး ရပ်ဆိုင်းဖို့ တောင်းဆိုထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ မြောက်ကိုရီးယား သံတမန်က ပြောပါတယ်။။ ဒါပေမယ့် မြောက်ကိုရီးယားရဲ့ တောင်းဆိုချက်ကို အမေရိကန် အစိုးရက လက်မခံဘဲ တောင်ကိုရီးယား ဘက်အခြမ်းမှာ စစ်အင်အားတွေ ချဲ့ထွင်နေတယ်။ တချိန်တည်းမှာ မြောက်ကိုရီးယားရဲ့ ကာကွယ်ရေး စွမ်းရည်ကို လျှော့ချဖို့ တောင်းဆိုနေတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up