ကက်စထရို၏ မာရာဒိုနာထံ ပေးပို့သည့်စာကြောင့် နာရေးကောလာဟလ တခန်းရပ်

1K
ကမ္ဘာကျော် အာဂျင်တီးနားဘောလုံးသမား မာရာဒိုနာထံ ကျူးဘားသမ္မတဟောင်း ဖီဒယ်ကက်စထရိုက လက်မှတ်ထိုးပြီး ပေးပို့တဲ့စာကို ဗင်နီးဇွဲလားရုပ်မြင်သံကြားလိုင်းမှာ ပြသခဲ့ အပြီး အွန်လိုင်းမှာပျံ့နှံ့နေတဲ့ ကက်စထရို နာရေးကောလာဟလသတင်း တခန်းရပ်သွားပါတယ်။
တယ်လီဆာ ရုပ်မြင်သံကြားက ဇန်န၀ါရီ ၁၂ ရက်နေ့က ထုတ်လွှင်ပြသခဲ့တာဖြစ်ပြီး စာပါအကြောင်းအရာကိုတော့ အသေးစိတ်မဖော်ပြပါဘူး။
မာရာဒိုနာဟာ သူ့ရဲ့ ရုပ်မြင်သံကြား အစီအစဉ်အတွက် ကျူးဘားနိုင်ငံ ဟာဗားနားမြို့မှာ ရောက်နေပြီး ဖီဒယ်ကက်စထရိုရဲ့ မိတ်ဆွေလည်း ဖြစ်ပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်က အသက် ၈၈ နှစ်အရွယ် ကျူးဘားသမ္မတဟောင်းရဲ့ နာရေးကောလာဟလတွေ အွန်လိုင်း မီဒီယာတချို့မှာ ဖော်ပြခဲ့ကြပါတယ်။
ကက်စထရိုဟာ ကျန်းမာရေး ချူချာနေပေမယ့် ကမ္ဘာ့နိုင်ငံရေးရာ ကိစ္စတွေကို ရံဖန်ရံခါ အမြင်ဆောင်းပါးတွေ ရေးသားလေ့ ရှိပါတယ်။
ဒါပေမယ့် သူ့ညီဖြစ်တဲ့ လက်ရှိသမ္မတ ရာအူးကက်စထရိုနဲ့ အမေရိကန်သမ္မတ ဘာရတ် အိုဘားမားတို့ သံတမန် ဆက်ဆံရေး ပြန်လည်ထူထောင်တဲ့ကိစ္စကို နှုတ်ဆိတ်နေပါတယ်။
[gallery ids="77068,77069,77070"]