A d v e r t i s e m e n t With Us

တိုက်စစ်မှူး ဖာကာအို မန်ယူအသင်းကို စွန့်ခွာနိုင်

တိုက်စစ်မှူး ဖာကာအိုအနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို စွန့်ခွာသွားနိုင်တယ်လို့ အေးဂျင့်ဖြစ်သူက ပြောဆိုလိုက်ပါတယ်။ လာမယ့် ရာသီသစ်မှာ ဖာကာအိုအနေနဲ့ မန်ယူမှာ မဟုတ်ရင်တောင် ကမ္ဘာပေါ်က အကောင်းဆုံး ကလပ်အသင်းတခုမှာ ကစားမှာဖြစ်တယ်လို့ အေးဂျင့်ဖြစ်သူကို ကိုကားပြီး ဗြိတိသျှ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီနှစ်ရာသီမှာ ပြင်သစ်ကလပ် မိုနာကိုကနေ ပေါင် ၆ သန်းပေးပြီး အငှားစာချုပ်နဲ့ မန်ယူက ခေါ်ယူထားတာပါ။ မန်ယူအနေနဲ့ ဖာကာအိုကို လာမယ့် မေလ မတိုင်မီ ပေါင်သန်း ၄၀နဲ့ ၀ယ်ယူနိုင်တဲ့ အခွင့်အရေးပါ ရရှိထားပါတယ်။ ကိုလံဘီယာ တိုက်စစ်မှူးဟာ မန်ယူမှာ ပုံမှန်ပွဲထွက်ကစားခွင့် မရဘဲ အသင်းအတွက် ၁၃ ပွဲ ကစားပေးထားရာမှာ ၃ ဂိုးပဲ သွင်းယူပေးထားပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ တပတ်က ဆောက်သမ်တန်ကို ရှုံးတဲ့ပွဲမှာလည်း ပွဲထွက် လူစာရင်းမှာ ပါဝင်ခွင့် မရခဲ့ပါဘူး။ [gallery ids="77050,77052,77061,77062"]

A d v e r t i s e m e n t With Us

More News
Up