ပဋိပက္ခအမွေဆိုးများမှ ရုန်းထွက်ရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

သီရိလင်္ကာနိုင်ငံရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပဋိပက္ခ အမွေဆိုးတွေ ကနေ ရုန်းထွက်ကြဖို့ မနေ့က တိုက်တွန်းပြောကြားခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်က သီရိလင်္ကာမှာ ပြည်တွင်းစစ် အဆုံးသတ်ခဲ့တဲ့နောက်ပိုင်း  ပုပ်ရဟန်း မင်းကြီးရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်သလို  ၆ လအတွင်း ဒုတိယမြောက် အာရှ ခရီးစဉ် ဖြစ်ပါတယ်။ ခရီးစဉ်ဟာ ပြည်တွင်းစစ်ကာလက ခေါင်းဆောင်တွေ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ သီရိလင်္ကာသမ္မတသစ် မိုင်သရီပါလာ စီရိစေနာက လူနည်းစု ဘာသာရေးအုပ်စုတွေကို ဖိနှိပ်မှုတွေ အဆုံးသတ်မယ်လို့ ကတိပြုထားပါတယ်။ နိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီး ၁၃ ရာခိုင်နှုန်းက ဟိန္ဒူ၊၊ ၁၀ ရာခိုင်နှုန်းက အစ္စလာမ်နဲ့ ကက်သလစ်ခရစ်ယာန်က ၇ ရာခိုင်နှုန်းပဲ ရှိတဲ့ သီရိလင်္ကာမှာ ဗုဒ္ဓဘာ သာနဲ့ မွတ်စလင်တွေကြား တင်းမာမှုတွေလည်း မြင့်တက်ချိန် ဖြစ်ပါတယ်။။ မတူကွဲပြားတဲ့ ဘာသာရေးအုပ်စုတွေအကြားမှာ ဆွေးနွေးညှိနှိုင်း ကြဖို့ ပုပ်ရဟန်းမင်းကြီး က တိုက်တွန်းဖို့ ရှိပါတယ်။ သီရိလင်္ကာနိုင်ငံပြီးရင်  ပုပ်ရဟန်းမင်းကြီးဟာ ဖိလစ်ပိုင်နိုင်ငံကို ကြွရောက်မှာ ဖြစ်ပါ တယ်။ ၃ ရက်ကြာခရီးစဉ်အတွင်း ၁၇ ရာစုခေတ် ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပြန်လည်မွမ်းမံ ရေး ဆောင်ရွက်မယ်လို့ ဗာတီကန်နန်းတော်က ပြောပါတယ်။ [gallery ids="77041,77042,77043,77044,77045,77046"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up