A d v e r t i s e m e n t With Us

မွန်ဂိုလီးယားမော်ဒယ်ကို သတ်မှုဖြင့် မလေးကွန်မန်ဒို ၂ ဦးကို သေဒဏ်ချမှတ်

မွန်ဂိုလီးယားမော်ဒယ်တဦးကို သတ်ဖြတ်ခဲ့မှုနဲ့ မလေးရှားကွန်မန်ဒို တပ်ဖွဲ့ဝင် ၂ ဦးကို သေဒဏ်ချထားတဲ့ တရားရုံးဆုံးဖြတ်ချက် မလေးရှားဗဟိုတရားရုံးက ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ ဆက်လက် အတည်ပြုလိုက်ပါတယ်။ သေဒဏ်ဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၅ ဦးပါ တရားသူကြီးအဖွဲ့က တညီတညွတ်တည်း အတည်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် မွန်ဂိုလီးယား မော်ဒယ် အေလန်တူယာကို ကွန်မန်ဒိုအထူးတပ်ဖွဲ့ဝင် အာဆီလာနဲ့ ဆာရူးတို့ နှစ်ဦးက ၂၀၀၆ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့မှာ သတ်ဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ သူတို့ ၂ ဦးလုံးဟာ အဲ့ဒီကာလက ကာကွယ်ရေးဝန်ကြီးဖြစ်နေတဲ့ နာဂျစ်ရာဇတ်ရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ရှေ့နေ ကမာရယ်ကတော့ ဘယ်အချက်နဲ့ အမိန့်ကို ဆက်လက်အတည်ပြု ကိုင်စွဲခဲ့တယ်ဆိုတာ အတိအကျ မသိရပေမယ့် အခုလို ဆုံးဖြတ်ချက်ကြောင့် ၇ နှစ်ကြာ တရားပြိုင်ဆိုင်မှုကို အဆုံးသတ်လိုက်တာလို့ ပြောဆိုပါတယ်။ ၂၀၀၉ ခုနှစ်က တရားခံ အာဇီလာ နဲ့ ဆာရူး တို့ကို ဖမ်းဆီးပြီး ကြိုးမိန့်ချခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာ မလေးရှားတရားရုံးတရုံးက အမှုကို ပလပ်ခဲ့ပါသေးတယ်။ ၀န်ကြီးချုပ် နာဂျစ်ရာဇတ်နဲ့ နီးစပ်တဲ့ လက်နက်အ၀ယ်တော် အဗ္ဗဒူ ရာဇတ် ဘာဂင်ဒါ ဆိုသူကိုလည်း သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်မှုနဲ့ ဖမ်းဆီးခဲ့ပါသေးတယ်။ ဒါပေမယ့် အထောက်အထား ခိုင်လုံမှုမရှိဘူးဆိုပြီး ၂၀၀၈ အောက်တိုဘာလက တရားသေ ပြန်လွှတ်ခဲ့ပါတယ်။ [gallery ids="77034,77035,77036"]

A d v e r t i s e m e n t With Us

More News
Up