A d v e r t i s e m e n t With Us

လီဗာပူးတောင်ပံကစားသမား အက်ဆိုင်းဒီ အယ်လ်အာလီကို ပြောင်းရွှေ့

1082007-18770246-1600-900လီဗာပူးတောင်ပံကစားသမား အက်ဆိုင်းဒီ ဟာ အာရပ်ပင်လယ်ကွေ့လိဂ်အသင်း အယ်လ်အာလီကို ပြောင်းရွှေ့သွားပါတယ်။ မော်ရိုကိုလက်ရွေးစင် အက်ဆိုင်းဒီဟာ လီဗာပူးအသင်းကို ၂၀၁၂ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၂.၅ သန်းနဲ့ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် အက်ဆိုင်းဒီဟာ နည်းပြရော်ဂျာစ်ရဲ့ အဓိက ကစားသမားစာရင်းထဲ မပါဝင်ခဲ့ဘဲ စုစုပေါင်း ၁၂ ပွဲသာ ကစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက စတုတ်အသင်းကို အငှားချခံခဲ့ရပြီး စတုတ်အတွက် ၂၆ ပွဲကစား ၅ ဂိုးသွင်းယူပေးထားပါတယ်။ အခုရာသီမှာ သူဟာ ကာကစ်၊ ဂျုဖ်တို့ရဲ့နောက်က ဦးစားပေးခံရသူဖြစ်လာခဲ့ပြီးနောက် အခုလို အရှေ့အလယ်ပိုင်းလိဂ်တခုကို ပြောင်းရွှေ့ခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up