Home
မြန်မာသတင်း
သူရဦးရွှေမန်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီးများ တွေ့ဆုံ
နော်နိုရင်း
·
January 13, 2015
ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ နိုင်ငံတ၀န်းက တိုင်းရင်းသားရေးရာဝန်ကြီး ၂၈ ဦးတို့ နေပြည်တော်မှာ တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးကြပါတယ်။ မနေ့တုန်းက သမ္မတအိမ်တော်မှာကျင်းပတဲ့ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ တိုင်းရင်းသား ရေးရာဝန်ကြီးတွေဟာ ဒီကနေ့မှာ အလားတူ အကြောင်းအရာတွေကို လွှတ်တော်အတွင်းရှိ ဇမ္ဗူသီရိခန်းမမှာ ထပ်မံဆွေးနွေးကြတာဖြစ်ပါတယ်။ တနင်္သာရီတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဟာရီက “အဓိကကတော့ အချက် ၃ ချက်ပဲရှိပါတယ်။ အဲဒါကတော့ ငြိမ်းချမ်းရေးရဖို့၊ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့၊ နောက်တခုက တော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ မှန်ကန်တဲ့ ကူးပြောင်းမှုဖြစ်အောင် ဆွေးနွေးကြ တယ်။” ဒုက္ခသည်တွေပြန်လည်နေရာချထားရေးနဲ့ သူတို့ရဲ့ စားဝတ်နေရေးကို ပြေလည်အောင် မဆောင်ရွက်ပေးနိုင်ရင် ငြိမ်းချမ်းရေးက အလှမ်းဝေးဦးမယ်ဆိုတာ တင်ပြခဲ့တယ်လို ပြောပါ တယ်။ တွေ့ဆုံပွဲမှာ လွှတ်တော်နာယက သူရဦးရွှေမန်းက တိုင်းရင်းသား လူမျိုးများရဲ့အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေကို ပြုစုနိုင်ဖို့အတွက် ချပြခဲ့တယ်လို့ဆိုပါတယ်။ ဒီတွေ့ဆုံပွဲအပြီး မီဒီယာတွေရဲ့ မေးမြန်းမှုကို သူရ ဦးရွှေမန်းက “၂ ပွင့် ပဲတွေ့တွေ့၊ ၃ ပွင့်ပဲတွေ့တွေ့၊ ၄ ပွင့်ပဲတွေ့တွေ့၊ ၆ ပွင့်ပဲတွေ့တွေ့၊ ၁၂ ပွင့်ပဲတွေ့တွေ့ အရေးကြီးတာက အလုပ်ဖြစ်ဖို့ပဲလိုတယ်”လို့ ဖြေကြားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါအ၀င် လက်ရှိမန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားဖို့အတွက် ပြည်ထောင်စုလွှတ်တော်က ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြဖို့ မနှစ်နှစ်ကုန်ပိုင်း က ဆုံးဖြတ်ခဲ့ပါတယ်။ [gallery ids="76975,76976,76977,76978,76979,76980,76981,76982,76983,76984,76985,76986,76987,76988,76989"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024