A d v e r t i s e m e n t With Us

လျှပ်စစ်ကား ပုံစံသစ် GM ကားကုမ္ပဏီ မိတ်ဆက်ပြသ

IN GMလျှပ်စစ်ဓာတ်အား တကြိမ်ဖြည့်ထားရင် မိုင် ၂၀၀ ကျော်ခရီးအကွာအဝေး မောင်းနှင်နိုင် မယ့် လျှပ်စစ်ကား ပုံစံသစ်ကို ကမ္ဘာကျော် အမေရိကန်ကားထုတ်လုပ်သူ ဂျင်နရယ်မော်တော် (General Motors) ကား ကုမ္ပဏီ က ဇန်န၀ါရီ ၁၂ ရက်နေ့မှာ မိတ်ဆက်ပြသပါတယ်။ ချေးဗိုလတ် ဘော့တ် (Chevrolet Volt) အမည်ပေးထားတဲ့ ကားတစီးကို အမေရိကန် ဒေါ်လာ ၃ သောင်းနှုန်းနဲ့ ရောင်းချဖို့ ကုမ္ပဏီက ကြေညာပါတယ်။ ဈေးနှုန်းသက်သာပြီး ခရီးမိုင်တော်တော်ပေါက်မယ့် လျှပ်စစ်ကားတွေကို ၁ နှစ်ခွဲအတွင်း ထုတ်လုပ်နိုင်တဲ့ နည်းပညာရှိထားပြီး ဖြစ်တာမို့ လာမယ့်နှစ်တွေအတွင်း အဓိကထုတ်လုပ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ စီအီးအို မေရီဘာရာ (Mary Barra) က ပြောပါတယ်။ တခြားစွမ်းအင်ကို မှီခိုစရာမလိုတဲ့ လျှပ်စစ်ကားစစ်စစ် ဖြစ်ပြီး ဘေးကင်းလုံခြုံမှု အရရော၊ အရည်အသွေးအရပါ နံပါတ် ၁ ကားတွေကို ထုတ်လုပ်သွားဖို့ဟာ ကုမ္ပဏီရဲ့ ရေရှည်ရည်မှန်း ချက် ဖြစ်တယ်လို့ သူက ပြောပါတယ်။ လက်ရှိ ဈေးကွက်တွင်းရှိနေတဲ့ ဗို့တ် (Volt) မော်ဒယ်လျှစ်စစ်ကားတွေဟာမိုင် ၄၀ အကွာ အဝေးလောက်သာ မောင်းနှင်နိုင်ပြီး အမေရိကန်ဒေါ်လာ ၃၄၀၀၀ ခန့်ကနေ အထက်  ဈေးပေါက်ပါတယ်။ ဒီနှစ်ထုတ်တဲ့  ဒုတိယမျိုးဆက် ဗို့တ် (Volt) မော်ဒယ်သစ်ကတော့ မိုင် ၅၀ မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up