A d v e r t i s e m e n t With Us

အကြမ်းဖက်တိုက်ခိုက်သူ ၆ ဦးကို တရုတ်ရဲ ပစ်သတ်

IN attackers killed by police in Xinjiangတရုတ်နိုင်ငံအနောက်ပိုင်းက မွတ်စလင်အများစုနေထိုင်တဲ့ ရှင်းကျန်းပြည်နယ်မှာ အကြမ်းဖက် တိုက်ခိုက်သူ ၆ ဦးကို ရဲလုံခြုံရေးတွေက နေရာတင် အသေပစ်သတ်လိုက်ပါတယ်။ ဖောက်ခွဲရေးပစ္စည်းတွေ ၀တ်ဆင်ပြီး အကြမ်းဖက်တိုက်ခိုက်မယ်လို့ သံသယဖြစ်ဖွယ်တဦး ကို မြို့ခံတွေကသတိထားမိခဲ့ပြီး ဇန်န၀ါရီလ ၁၂ ရက်နေ့ မနက်မှာ ရဲကို တိုင်ကြားခဲ့တာလို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ အဆိုပါပုဂ္ဂိုလ်ဟာ ရဲကို ပုဆိန်နဲ့ တိုက်ခိုက်ခဲ့သလို အသေခံဖောက်ခွဲဖို့လည်း ကြိုးစားခဲ့တာကြာင့် ရဲက ပစ်သတ်လိုက်တယ်လို့ ဆိုပါတယ်။ ဒီအခင်းဖြစ်စဉ်ကို ရှင်းလင်းနေစဉ်မှာပဲ နောက်ထပ် ၅ ဦးရောက်ရှိလာပြီး အသေခံ ဖောက်ခွဲဖို့ ကြိုးပမ်းတဲ့အတွက် ရဲတွေက ထပ်မံပစ်သတ်ခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်သူ ၆ ဦး သေဆုံးမှုကလွဲလို့ တခြားသူတွေကို ထိခိုက်မှုမရှိခဲ့ဘူး လို့လည်း ဆိုပါတယ်။ အခင်းဖြစ်ရာနေရာအနီးမှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ မီနီဘတ်စ်ကားတစီးကိုလည်း ရဲတွေက ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up