ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၂ ရက်နေ့က အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေးဌာနတွေရဲ့ Twitter နဲ့ YouTube အကောင့်တွေ ထိုးဖောက်ဝင်ရောက်ခံရပေမယ့် လျှို့ဝှက်ချက် ကြီးကြီးမားမား ထိခိုက်ပေါက်ကြားမှုတော့ မရှိခဲ့ဘူးလို့ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ်က ပြောဆိုပါတယ်။

အိုင်အက်စ်အကြမ်းဖက်အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ဖော်ပြထားပြီး အရေးမကြီးတဲ့ ဌာနတွင်း အချက်အလက်ပေါက်ကြားမှုတော့ ရှိခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီထိုးဖောက်မှုဟာ နည်းပညာအကြမ်းဖက်မှု ဖြစ်တယ်လို့ အလယ်ပိုင်း စစ်ဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ အမေရိကန်သမ္မတအိုးဘားမားက အမေရိကန် အရေးကြီးဌာနတွေရဲ့ အင်တာနက်လုံခြုံရေးအတွက် သတိပေးချိန်မှာပဲ ထိုးဖောက်ခံခဲ့ရတာပါ။
ဒါပေမယ့် သမ္မတအိုဘားမားရဲ့ ပြောခွင့်ရကတော့ ထိုးဖောက်ခံရရတဲ့ အချက်အလက် တွေဟာ အရင်ကတည်းကလည်း လျှို့ဝှက်ထားတဲ့ အချက်အလက်တွေ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။
Twitter အကောင့်လောက်ကို ဖျက်လိုဖျက်ဆီး ထိုးဖောက်ခံရတာနဲ့ အရေးကြီးဌာနတွေရဲ့ လျှို့ဝှက်ချက်တွေ ထိုးဖောက်ခံရတာနဲ့တော့ မတူဘူးလို့လည်း ပြောဆိုပါတယ်။