A d v e r t i s e m e n t With Us

အလှမယ် သျှားထွဋ်အိန္ဒြာ အွန်လိုင်းဆုကြီး ၂ ခုအတွက် ယှဉ်ပြိုင်

shedအမေရိကန်နိုင်ငံ၊ Florida International Universityမှာ ကျင်းပမယ့် ၆၃ ကြိမ်မြောက် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ(Miss Universe Pageant) မှာ ယှဉ်ပြိုင်ဖို့ရောက်ရှိနေတဲ့ Miss Universe MYANMAR 2014 သျှားထွဋ်အိန္ဒြာက လက်ရှိမှာတော့ အွန်လိုင်းမဲပေးစနစ်ဖြစ်တဲ့ ဆုကြီး ၂ ခုအတွက် ယှဉ်ပြိုင်နေတယ်လို့ Miss Universe MYANMAR က သတင်းထုတ်ပြန်ပါတယ်။ Pageantry & Beauty Queens Organization ရဲ့ Award နဲ. Missosology People's Choice Award ဆုတွေပါ။ Pageantry & Beauty Queens Award ဆုမှာတော့ Miss Universe GUATEMALA 2014 နဲ့ အပြင်းအထန်ယှဉ်ပြိုင်နေပါတယ်။ Facebook account ရှိသူတွေအနေနဲ့ http://391856.tbits.me/ နဲ့ http://344115.tbits.me/ တွေမှာ မဲပေးနိုင်မှာဖြစ်ပါတယ်။ ၆၃ ကြိမ်မြောက် ကမ္ဘာ့အလှမယ်ပြိုင်ပွဲ(Miss Universe Pageant) နောက်ဆုံးအဆင့်ကိုတော့ ဇန်န၀ါရီ ၂၅ ရက်နေ.ညပိုင်း (အမေရိကန်စံတော်ချိန် ၈ နာရီမှ ၁၁ နာရီ) အမေရိကန်နိုင်ငံ၊ မီယာမီဒေသမှာရှိတဲ့ Florida International University မှာ ကျင်းပမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကမ္ဘာ့အလှမယ်ပြိုင်ပွဲ(Miss Universe Pageant)ကို နှစ်ပေါင်း ၅၀ ကျော်အတွင်း ၂၀၁၃ ခုနှစ်မှာ အလှမယ်ဂုဏ်ရည်အေးကျော်က ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် အလှမယ် သျှားထွဋ်အိန္ဒြာက သွားရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ ဓာတ်ပုံများ - Miss Universe MYANMAR Facebook Page

A d v e r t i s e m e n t With Us

More News
Up