A d v e r t i s e m e n t With Us

ရောဂါဖြင့်သေဆုံးသည့် ၀က်သားရောင်းချသူ ၁၀၀ ကျော်ကို တရုတ်ရဲ ဖမ်းဆီး

Chinese police arrest dozens selling, processing contaminated pig corpsesတရုတ်နိုင်ငံမှာ ရောဂါနဲ့ သေဆုံးခဲ့တဲ့ ၀က်တွေကို အသားထုတ်ရောင်းတယ်လို့ သံသယရှိသူ ၁၀၀ ကျော်ကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ ၂၀၀၈ ခုနှစ်ကစပြီး ရောဂါနဲ့ သေဆုံးခဲ့တဲ့ ၀က်တွေကို ဈေးပေါပေါနဲ့ ၀ယ်ယူပြီး အသားထုတ်ရောင်းတဲ့ဂိုဏ်းလို့ အစားအစာဘေးကင်းလုံခြုံရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၁ ရက်နေ့က ပြောဆိုပါတယ်။ တရုတ်ပြည်နယ် ၁၁ ခုမှာ ဒီရောဂါရှိပြီး ညစ်ပတ်တဲ့ ၀က်သားတွေကို ထုတ်ပြီး ရောင်းချခဲ့တာကြောင့် တရုတ်နိုင်ငံရဲ့ အစားအစာဘေးကင်းမှုအဆင့်အတန်းအပေါ် လူထုက ပိုပြီး ကင်းမဲ့လာကြတာလည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကလည်း ရှန်ဟိုင်းမြို့အနီးပတ်ဝန်းကျင်က အိမ်သုံးရေအဖြစ် သွယ်တန်းအသုံးပြုနေတဲ့ မြစ်ချောင်းတွေမှာ ၀က်အသေကောင် ၁ သောင်းကျော် စည်းကမ်းမဲ့ စွန့်ပစ်ခဲ့ကြပါတယ်။ အခု နောက်ဆုံးဖမ်းဆီးမှုဟာ မသန့်ရှင်းတဲ့ ၀က်သား တန် ၁ ထောင်ကျော်နဲ့ ၀က်ဆီ ၄၈ တန်ကို ရဲတွေက ရှင်းလင်းဖယ်ရှားနိုင်ခဲ့တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ဘေးကင်းမှုမရှိတဲ့ အစားအသောက် တရားမ၀င်ရောင်းချမှုနဲ့ ဖမ်းဆီး ထောင်ချမှုတွေ ရှိခဲ့ပြီး ကလေးနို့မုန့်တွေ၊ နိုင်ငံတကာကုမ္ပဏီကြီးတွေဖြစ်တဲ့ မက်စ်ဒေါနယ်လ်(MacDonald’s) အစားအစာတွေပါ ပါဝင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up