အသင်းနည်းပြ အင်နရီကေး ကို ထုတ်ပစ်ဖို့နဲ့ ဘာစီလိုနာကနေထွက်ခွာဖို့ ဆန္ဒရှိနေတယ် ဆိုတဲ့ ကောလာဟလတွေကို မက်ဆီက ငြင်းဆန်လိုက်ပါတယ်။
[caption id="attachment_76944" align="alignright" width="450"]

ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီ (ဓာတ်ပုံ - ရိုက်တာ)[/caption]
အာဂျင်တီးနားနဲ့ ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီဟာ ဘာစီလိုနာရဲ့ လက်ရှိနည်းပြ အင်နရီကေးနဲ့ ဆက်ဆံရေး မပြေလည်ဘူးဆိုတဲ့ ကောလာဟလတွေဟာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာပါ။
“အသင်းမှာ လူတွင်ကျယ်လုပ်နေတယ်ဆိုတဲ့ ကောလာဟလတွေကို သူ ပြန်ကြား နေရပြီး သူဟာ အသင်းရဲ့ သာမန်ကစားသမားတယောက်ပါဘဲ။ ဒီအသင်းကနေ ထွက်ခွာဖို့လည်း သူအနေနဲ့ ဘယ်တုန်းကမှ မဖြစ်ချင်ဘူး”လို့ ကာလဟာလ တွေကို ဖြေရှင်းသွားပါတယ်။
တွစ်တာ လူမှုကွန်ရက်စာမျက်နှာမှာ ချဲလ်ဆီးအသင်းကို မက်ဆီက follow လုပ်ခဲ့လို့ ချဲလ်ဆီးအသင်းကို မက်ဆီ ပြောင်းရွှေ့တော့မယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်ခဲ့တာပါ။
ဒါပေမယ့် မက်ဆီဟာ ဘာစီလိုနာကနေ ပြောင်းရွှေ့မယ်ဆိုရင်တောင် သူ့ရဲ့ပြောင်း ရွှေ့ကြေးက စတာလင်ပေါင် သန်း ၂၀၀ ကျော်တန်ဖိုးရှိတာကြောင့် UEFA ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေအရ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေပဲ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။