A d v e r t i s e m e n t With Us

ဇန်န၀ါရီ ၁၂ ရက်နေ့ အာရှဖလားပွဲစဉ် ရလဒ်များ

သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ အာရှဖလား ဇန်န၀ါရီ ၁၂ ရက်နေ့ပွဲစဉ်တွေမှာ အီရတ်အသင်းက ဂျော်ဒန်အသင်းကို ၁ ဂိုး၊ ဂိုးမရှိ ဂျပန်က ပါလက်စတိုင်းကို ၄ ဂိုး၊ ဂိုး မရှိနဲ့ အနိုင်ရသွားပါတယ်။ အီရတ်နဲ့ ဂျော်ဒန်ပွဲမှာ အီရတ်အတွက် တလုံးတည်းသော ဂိုးကို ကွင်းလယ်ကစားသမား ယူဆာ ကာဆင်က ဂျော်ဒန် နောက်တန်းသမား ၃ ယောက်ကို  ဖြတ်ကျော်ပြီး လှလှပပ သွင်းယူခဲ့တာဖြစ်ပါတယ်။ အုပ်စုဒီမှာ ဂျပန်နဲ့ ပါလက်စတိုင်းအသင်းပွဲမှာတော့ ပါလက်စတိုင်း အသင်းဟာ  ပထမဆုံး အာရှဖလားပြိုင်ပွဲကို ၀င်ခွင့်ရတဲ့ ရတဲ့အသင်းဖြစ်တဲ့အတွက် အာရှထိပ်တန်း ဂျပန်အသင်းက  ဖိကစားတာကို ခုခံခဲ့ရပါတယ်။ ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ ဂျပန် အသင်းဟာ ၂၀၀၇ အာရှ ချန်ပီယန် အီရန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပါလက်စတိုင်းက ဂျော်ဒန် အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ အီရန်အသင်းဟာ ဇန်န၀ါရီလ ၁၁ ရက်နေ့ပွဲမှာ  အီရန်အသင်းက ဘာရိန်းအသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ၁၆ ကြိမ်မြောက် အာရှဖလားပွဲကို ဇန်န၀ါရီ ၉ ရက်ကနေ ၃၁ ရက်နေ့အထိ အသင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ [gallery ids="76932,76933,76934,76935,76936"]

A d v e r t i s e m e n t With Us

More News
Up