A d v e r t i s e m e n t With Us

ယာမြေများကို မလွန် ကပစ သိမ်းယူထားမှုကြောင့် တောင်သူများ အခက်ကြုံ

မင်းလှမြို့နယ်၊ စစ္စနို့ကျေးရွာက တောင်သူတွေရဲ့ယာတွေကို မလွန်ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၂)က သိမ်းယူထားတဲ့အတွက် ဒေသခံတောင်သူတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ Farm(ZawPay13012015မလွန်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂)က စစ္စနို့ကျေးရွာက တောင်သူတွေရဲ့ယာတွေကို ၁၉၉၂ ခုနှစ်က အဓမ္မသိမ်းယူခဲ့တာပါ။ တောင်သူတွေက သိမ်းယူထားတဲ့ မိမိယာတွေကို ပြန်လုပ်တဲ့အခါ သီးထောက်ခ (ဆပ်ကြေး) နှမ်းတခွဲပေးခဲ့ရတယ်လို့ဆိုပါတယ်။ “ပထမကောက်တုန်းက တစ်ဧကကို နှမ်းတစ်ခွဲနှုန်း၊ ဒုတိယမှာ တစ်ဧကကို နှမ်းတစ်ဆိတ်နှုန်းနဲ့ သူတို့ ကောက်ပါတယ်။ ကျနော်တို့ စစ္စနို့ကျေးရွာက တောင်သူဦးရေအားဖြင့် ၄၀ လောက်ပါမယ်။ ဧကအားဖြင့် ၃၀၀ နီးပါးလောက် အဲဒါကတော့ လယ်မြေယာမြေ အကုန်လုံးပေါ့။ အဲဒီစစ်ပစ်ကွင်းဧရိယာအတွက် သိမ်းစည်းထားတဲ့ ကျနော်တို့မှာ လယ်ယာမြေက စိုက်ပျိုးဘဏ် ကလည်း ချေးငွေမရပါဘူး။ လယ်ယာမြေ ပုံစံ(၇)လည်း ကျနော်တို့မှာ မရှိပါဘူး။” ဒေသခံတောင်သူတွေက စက်ပစ်ကွင်းတဲ့ လွတ်မြေနေရာကိုတပ်ပိုင်မြေအဖြစ် စွန့်လွှတ်ပေးဖို့ လိုလားနေကြပြီး ယာပိုင်ဆိုင်ခွင့်ပုံစံ (၇) ရယူနေချင်ကြတာလည်း ဖြစ်ပါတယ်။ “ကျနော်တို့ မြေယာအသုံးချမှုလုပ်ငန်းတွေ၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေ စက်ပစ်ကွင်းကြီး ဖြစ်နေတဲ့အတွက် အဟန့်အတားလေးတွေ ဖြစ်နေပါတယ်။ တပ်ပိုင်မြေအဖြစ်ကနေ စွန့်လွှတ်ပေးမယ်ဆိုရင်တော့ ကျနော်တို့ နယ်သူနယ်သားတွေ အတိုင်းထက်အလွန် အားလုံးလည်း မြေယာလုပ်ပိုင်ခွင့်တွေရ လာမယ်၊ ပုံစံ(၇)တွေလည်း ရလာမယ်။” ပြီးခဲ့တဲ့ ၂၀၁၄ ဒီဇင်ဘာလက စစ်တပ်က သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်လည် ပေးအပ်နေတယ်လို့ နိုင်ငံပိုင်မီဒီယာတွေက တရားဝင်ထုတ်ပြန်လာတာကြောင့် ယာမြေတွေ သိမ်းခံထားရတဲ့ စစ္စနို့ကျေးရွာသူ ကျေးရွာသားတွေက မိမိတို့ယာတွေကို ပြန်လိုချင်နေကြတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up