A d v e r t i s e m e n t With Us

လက်နက်ကြီး လေ့ကျင့်ပစ်ခတ်မှု ကေအန်ပီပီ ကန့်ကွက်

ကေအန်ပီပီ
ကယားပြည်နယ် ဒီမောဆိုမြို့နယ် ဒေါတမကြီး ကျေးရွာအုပ်စုအတွင်း အစိုးတပ်က လက်နက်ကြီးလေ့ကျင့်ပစ်ခတ်မှုအပေါ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ) က ကန့်ကွက်လိုက်ပါတယ်။ [caption id="attachment_28400" align="alignright" width="400"] ကေအန်ပီပီ ကေအန်ပီပီ[/caption] ကေအန်ပီပီက ကယားပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနဲ့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ဌာနမှူးဆီကို လိပ်မူပြီး ဇန်န၀ါရီလ ၁၀ ရက်နေ့ ရက်စွဲနဲ့ ကန့်ကွက်တာ ဖြစ်ပါတယ်။ အစိုးရတပ်က လေ့ကျင့်ပစ်ခတ်တဲ့ ကျည်တချို့ ဒေသခံတွေရဲ့ ခြံအတွင်း ကျရောက်တဲ့ အတွက် ကန့်ကွက်တာလို့ ကေအန်ပီပီ ဒု-ဥက္ကဌ ခူးဦးရယ်က ပြောပါတယ်။ “ရှင်းရှင်းပြောရရင် ဒီစိုက်ပျိုးမြေမှာ သူတို့ လက်နက်ကြီးတွေ တပ်ဖွဲ့တွေချတာက ကြိုတင်အသိပေးခြင်းမရှိတဲ့အတွက် ကျနော်တို့လည်း ကြိုက်တာတော့မဟုတ်ဘူး။ သဘော လည်းမတူနိုင်ဘူးပေါ့နော်။ ဒါ့အပြင်သူတို့ပစ်ခတ်တဲ့ အခါမှာ တချို့ကျည်တွေက ခပ်လှမ်း လှမ်းက တောင်ကုန်းကြီးတွေကိုမရောက်ဘဲနဲ့ တချို့စိုက်ပျိုးမြေထဲကျတာရှိတယ်။ တချို့ လက်နက်ကြီးကျည်ဆန်တွေက မပေါက်ဘဲနဲ့ မြေကြီးမှာပဲ စိုက်နေတယ်။ လူထုတွေကလည်း အခန့်မသင့်လို့ တခုခုနဲ့ ခိုက်မိတိုက်မိလို့ ပေါက်ကွဲမှာကို စိုးရိမ်တယ်။ ကျည်ဆံတွေက အလုံးကြီးကြီးတွေဆိုတော့ ပေါက်ကွဲရင် ဘယ်လောက် အတိုင်းအတာ ထိခိုက်နိုင်မလဲဆို တာမသိတဲ့အတွက်လည်း စိုးရိမ်ကြတယ်။” ကေအဲန်ပီပီဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ အစိုးရတပ်က ဒီဒေသတွင်း ၂၀၁၃ ခုနှစ်က တည်းက အလားတူ စပ်သပ်ပစ်ခတ်နေမှုကို ကေအန်ပီပီတာဝန်ရှိသူတွေက အစိုးရနဲ့ ဆွေးနွေးပေမယ့် အဆင်မပြေတာကြောင့် ကန့်ကွက်ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။ “အရင်တုန်းကလည်း ကန့်ကွက်တာရှိပါတယ်။ အစတုန်းက သူတို့ကို စာနဲ့ တရား ၀င်မပြေဘဲနဲ့ တွေ့ဆုံတဲ့အခါမှာ ပါးစပ်နဲ့ ပေါ့နော့် လူချင်းတွေ့တာ ပိုပြီးအဆင်ပြေမယ်ဆိုပြီး လူသိရှင်ကြားမလုပ်ဘဲ နှစ်ဦးနှစ်ဖက် မျက်နှာပျက်စရာ မဖြစ်အောင်ဆိုပြီး ညှိနှိုင်းဆောင်ရွက်တဲ့သဘောပါ။ ဒါပေမယ့် ကျနော်တို့ အဲလို အများပြည်သူမသိအောင် နှစ်ကိုကြား ညှိနှိုင်းဆောင်ရွက်တာလည်း အဆင်မပြေတဲ့အတွက် အခုလို လူသိရှင်ကြား ထုတ်ပြန်ကန့်ကွက်တာဖြစ်တယ်” လို့ ဦးခူးဦးရယ်က ပြောပါတယ်။ ဒေသခံတွေကလည်း သူတို့ရဲ့ခြံဝင်းအတွင်းကျပြီး မပေါက်ကွဲတဲ့ လက်နက်ကြီးကျည်တွေကို ပြန်လည်ရှင်းပေးဖို့ အစိုးရဆီ တင်ပြတောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up