A d v e r t i s e m e n t With Us

မွတ်စလင် ၂၀ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်

တောင်ကြီးမြို့ (ဓာတ်ပုံ - Shan News)
ရှမ်းပြည်နယ်မှာ သတို့သား၊ သတို့သမီးအပါအ၀င် မင်္ဂလာပွဲလာရင်း ဖမ်းဆီး တရားစွဲခံရသူ မွတ်စလင်အယောက် ၂၀ ကို  တောင်ကြီးခရိုင်တရားရုံးမှာ ထောင်ဒဏ် ၁၄ နှစ်စီ  စီရင်လိုက်ပါတယ်။ [caption id="attachment_73345" align="alignright" width="477"]တောင်ကြီးမြို့ (ဓာတ်ပုံ - Shan News) တောင်ကြီးမြို့ (ဓာတ်ပုံ - Shan News)[/caption] လွန်ခဲ့တဲ့ ၅ လခန့်က မင်္ဂလာဆောင်ကို သွားကြတဲ့ မွတ်စလင် ၁၄ ဦးကို ကွန်ဟိန်းမြို့အ၀င်မှာ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။ သူတို့ထဲမှာ တောင်ကြီးမြို့ခံ ၆ ဦးနဲ့ ကျောက်ဆည်မြို့နယ် လက်ပံရွာသားတွေ ပါဝင်ပြီး နောက်ပိုင်းမှာ သတို့သမီးနဲ့ သတို့သား အပါအ၀င် ၆ ဦးကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။ သူတို့ကို လက်နက်တစုံတရာနဲ့ တိုင်းပြည်ဆူအောင်လုပ်ဆောင်မှု ပုဒ်မ ၅ (ဋ္ဌ) နဲ့ ပြည်ထောင်စု ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်အောင်လုပ်ဆောင်မှု ပုဒ်မ ၅(ည)နဲ့ တရားစွဲပြီး ရုံးထုတ် စစ်ဆေးခဲ့တာပါ။ တဦးကိုတော့ အဆိုပါ ၂ မှုအပြင် တရားမ၀င် အဖွဲ့အစည်းနဲ့ ဆက်သွယ်မှု ၁၇(၁)နဲ့ပါ စီရင်တာကြောင့် ၁၉ နှစ်ချမှတ်ခံရတယ်လို့ တရားခံတဦးရဲ့ ဖခင်က ပြောပါတယ်။ ပြစ်ဒဏ်စီရင်ခံရသူ ၂၀ ဦးအနက် သတို့သမီးအပါအ၀င် လေးဦးဟာ အမျိုးသမီးဖြစ်ပါတယ်။ အမည်မဖော်လိုသူ တရားခံတဦးရဲ့ ဖခင်က “အယောက် ၂၀ လုံးကို ချလိုက်တာဗျ။ အယောက် ၂၀ မှာ ၁၅ နှစ်အရွယ်ကောင်လေး ၁ ယောက်ပါတယ်။ သူက တော့ ၇ နှစ်ပေါ့။ နောက်တယောက်က ပုဒ်မ ၃ ခုဆိုတော့ သူက ၁၉ နှစ်ပေါ့။ ကျန်တဲ့အမျိုးသမီးတွေ သတို့သမီးတွေ၊ သတို့သားတွေကအစ အားလုံးက ၁၄ နှစ်စီချခံရတယ်” ဒါ့အပြင် သယ်ဆောင်တဲ့ light truck တစီးနဲ့ ပရိုဘောက်စ်ကားတစီး၊ သတို့သမီးဆင်ယင်တဲ့ ရွှေထည်ပစ္စည်းတွေကို  နိုင်ငံဘဏ္ဍာအဖြစ်သိမ်းဆည်းသလို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီစီရင်ချက်အပေါ် ကျေနပ်မှုမရှိတဲ့အတွက် ပြည်နယ်တရားလွှတ်တော်ကို အယူခံတက် မယ်လို့ သူက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up