အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာ နေထိုင်တဲ့ ဇနီးမောင်နှံနှစ်ဦးကို ကလေးကို သေနတ်နဲ့ ပေးဆော့မှု၊ ကလေးအပေါ်အလေးမထားမှုနဲ့ ရုံးတင်ခံရပါတယ်။

အသက် ၁ နှစ်အရွယ် သမီးဖြစ်သူရဲ့ ပါးစပ်ထဲ သေနတ်ထည့်ခိုင်းပြီး သေနတ်ပစ်တဲ့ ပုံစံမျိုး ပေးဆော့နေတာကို ဖခင်ဖြစ်သူရဲ့ ဖုန်းထဲမှာ ရဲတွေက စစ်ဆေးတွေ့ရှိခဲ့တာပါ။ ဒါကြောင့် ကလေးအပေါ် လစ်လျူရှုမှု၊ ကလေးကို သေစေနိုင်တဲ့လက်နက်နဲ့ ပေးဆော့မှု စွဲချက်တွေကို မိဘတွေက အမှုရင်ဆိုင်ကြရတော့မှာပါ။
အသက် ၁၉ နှစ်အရွယ် ဖခင်ဖြစ်သူဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၉ ရက်နေ့က ထောက်လှမ်းရေးအရာရှိတဦးကို အင်တာနက်ကနေ တရားမ၀င်သေနတ်ရောင်းခဲ့တာပါ။
ဒါကြောင့် သူကို ရဲက နောက်ပိုင်းစစ်ဆေးမှုတွေလိုက်ရင်း သူရဲ့ လက်ကိုင်ဖုန်းထဲမှာ အဲဒီဗွီဒီယိုဖိုင်ကို ရဲက တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။
မိခင်ဖြစ်သူကတော့ ကစားစရာ အရုပ်သေနတ်ဖြစ်တယ်လို့ ပြောဆိုပေမယ့် ရဲကတော့ အသက် သေစေနိုင်တဲ့ ပွိုင့် ၄၀ ပစ္စတိုသေနတ်ဖြစ်တယ်လို့ ပြောဆိုပါတယ်။
သမီးဖြစ်သူနဲ့ ၁ လအရွယ် အမွှာကလေးတွေကိုတော့ အရေးပေါ်ကလေးထိန်းဌာနကို အပ်နှံထားပါတယ်။