ဗန်ပါစီ ခြေကျင်းဝတ်ဒဏ်ရာ စစ်ဆေးမည်

1K
အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ယူနိုက်တက် ကလပ်အသင်း ရှေ့တန်း တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီက အနာတရ ဖြစ်သွားတဲ့ ခြေကျင်းဝတ် ကို စစ်ဆေးခံရမှာဖြစ်ပါတယ်။
ဒီဒဏ်ရာကို အိမ်ကွင်းမှာ ဆောက်သင်တန် အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်တဲ့ပွဲမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီအတွက် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မှာ ကျင်းပမယ့် ဒီနေ့ ကျင်းပဖို့ ရှိနေတဲ့ ကမ္ဘာအကောင်းဆုံး ဘောလုံးသမားဆုတွေ ချီးမြှင့်ပေးအပ်တဲ့ အခမ်းအနားကို လွဲချော်နိုင်ဖွယ်ရှိနေပါတယ်။
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ စပိန်အသင်းဘက်ကို ဗန်ပါစီ သွင်းယူခဲ့တဲ့ ဂိုးဟာလည်း အလှဆုံးသွင်းယူတဲ့ ဂိုးအဖြစ် ရွေးချယ်ခံထားရပါတယ်။
ဒါပေမယ့် ယူနိုက်တက် အသင်းနည်းပြလူးဝစ်ဘန်ဂေါလ်ကတော့ ဒီအနာတရ ဖြစ်သွားတဲ့ ခြေကျင်းဝတ်ကို စစ်ဆေးခံရမယ်လို့ ပြောဆိုထားပါတယ်။