A d v e r t i s e m e n t With Us

ဂျပန်က ပါလက်စတိုင်းကို ၄ ဂိုး ဂိုးမရှိဖြင့်နိုင်

Japan vs Palestineသြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ အာရှဖလား ပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ဂျပန် အသင်းက ပါလက်စတိုင်း အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ဂျပန်အသင်းက ပထမပိုင်းမှာကို ၃ ဂိုးနဲ့ ဦးဆောင်ထားခဲ့သလို ဒုတိယပိုင်းမှာတော့ ၁ ဂိုး ထပ်မံသွင်းယူသွားတာဖြစ်ပါတယ်။ ဒီပွဲမှာ ဂျပန်အသင်း ကစားသမား ရှင်ဂျီအိုကာ ဇာဂီက အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ အုပ်စု (ဃ) ပွဲစဉ်တွေအဖြစ် ဂျပန်နဲ့ ပါလက်စတိုင်း၊ အီရတ်နဲ့ ဂျော်ဒန်တို့ ဒီကနေ့ ယှဉ်ပြိုင် ကစားကြမှာလည်း ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up