ရွှေကမ္ဘာလုံးရုပ်ရှင်ထူးချွန်ဆု Boyhood ရုပ်ရှင်ဇာတ်ကားရရှိ

4K
အမေရိကန်ရုပ်ရှင်လောကမှာ သြဇာကြီးတဲ့ ၇၂ ကြိမ်မြောက် ရွှေကမ္ဘာလုံးရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ဇန်န၀ါရီလ ၁၁ ရက်နေ့ ညက အမေရိကန်ပြည်ထောင်စု လော့အိန်ဂျယ်လိစ်မြို့မှာ ကျင်းပသွားရာမှာ Boyhood ရုပ်ရှင်ဇာတ်ကားက ဆုတွေ အများအပြား ဆွတ်ခူးရ ရှိသွားပါတယ်။
၂၀၁၄ ခုနှစ်အတွင်း ထွက်ရှိတဲ့ ရုပ်ရှင်တွေထဲကနေ ထူးချွန်ဆုတွေ ရွေးချယ်ပေးအပ်ရာမှာ အကောင်းဆုံး ဒရာမာရုပ်ရှင်ဆုကို Boyhood ဇာတ်ကားက ရရှိသွားပြီး အကောင်းဆုံး ဂီတနဲ့ ဟာသရုပ်ရှင်ထူးချွန်ဆုကိုတော့ The Grand Budapest Hotel ဇာတ်ကားက ရရှိသွားပါတယ်။
အကောင်းဆုံး ဒါရိုက်တာဆုကိုလည်း Boyhood ဇာတ်ကားနဲ့ပဲ ဒါရိုက်တာ ရစ်ချတ်လင့်ခ်လိတ်တား က ရရှိသွားပါတယ်။
အကောင်းဆုံး ဒရာမာရုပ်ရှင် သရုပ်ဆောင် မင်းသားဆုကိုတော့ မင်းသား အယ်ဒီရက်ဒ်မိန်း က The Theory of Everything ဇာတ်ကားနဲ့ရရှိပြီး အကောင်းဆုံး ဂီတနဲ့ ဟာသ ရုပ်ရှင် သရုပ်ဆောင် မင်းသားဆုကို မိုက်ကယ်ခီတွန်က Birdman ဇာတ်ကားနဲ့ ရရှိသွားပါတယ်။
အကောင်းဆုံး ဒရာမာရုပ်ရှင် အမျိုးသမီးသရုပ်ဆောင် ဆုကိုတော့မင်းသမီး ဂျူလီအန်မိုးက The Still Alice ဇာတ်ကား၊ အကောင်းဆုံး ဂီတနဲ့ ဟာသရုပ်ရှင် အမျိုးသမီးသရုပ်ဆောင် ဆုကို အေမီ အဒမ်စ်က Big Eyes ဇာတ်ကားနဲ့ အသီးသီးရရှိသွားပါတယ်။
ကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ဂျေကေဆင်မွန်းက Whiplash ဇာတ်ကားနဲ့ ရရှိပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့သရုပ်ဆောင်ဆုကို ပတ်ထရစ်ရှာ အာခက်က Patricia က Boyhood ဇာတ်ကားနဲ့ ရရှိပါတယ်။
အကောင်းဆုံး နိုင်ငံခြားဘာသာ ရုပ်ရှင်ထူးချွန်ဆုကိုတော့ ရုရှားရုပ်ရှင် Leviathan က ရသွားပြီး အကောင်းဆုံး အန်နီမေးရှင်းဖီချာ ရုပ်ရှင်ဆုကိုတော့ How to Train Your Dragon 2 ဇာတ်ကားက ရရှိသွားပါတယ်။
