Tomorrow ဂျာနယ်အမှုတွင် ပူးတွဲတရားစွဲဆိုခံထားရသည့်ဒေသခံ အာမခံ ရရှိ

3.3K
Tomorrow ဂျာနယ်အမှုမှာ ပူးတွဲ တရားစွဲဆိုခံထားရတဲ့ ဒေသခံကို တာမွေတရားရုံးက ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ ဒုတိယရုံးချိန်းမှာ အာမခံခွင့်ပြုပေးလိုက်တယ်လို့ Tomorrow ဂျာနယ် အယ်ဒီတာချုပ် ဒေါ်သဲစုလှိုင်က ဒီဗွီဘီကို ပြောပါတယ်။
ပုဒ်မ ၅၀၀ နဲ့ စွဲဆိုခံရတဲ့ လက်ပံတန်းမြို့နယ်၊ ဗုဒ္ဓမြတ်စွယ်တော် ဂေါပကအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစန်းမောင်ကို ကျပ်သိန်း ၁၀၀ နဲ့ အာမခံပေးလိုက်တာပါ။
၂၀၁၄ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ထုတ် Tomorrow ဂျာနယ်မှာ “လက်ပံတန်းမြို့နယ်ရှိ ဗုဒ္ဓမြတ်စွယ်တော် သာသနာ့နယ်မြေများ ကျုးကျော်ခံနေရ” ခေါင်းစဉ်နဲ့ ဖော်ပြပါရှိတဲ့ သတင်းနဲ့ ပတ်သက်ပြီး ကျူးကျော်လို့ ရေးသားခံထားရတဲ့ လက်ပံတန်းမြို့နယ်နေ ဦးအောင်ပွင့် (ခ) ဦးအောင်မြင့်က Tomorrow ဂျာနယ် အယ်ဒီတာချုပ်၊ သတင်းထောက်နဲ့ ဒေသခံတို့ကို စွဲဆိုခဲ့တာပါ။
ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုခံထားရတဲ့ Tomorrow ဂျာနယ် အယ်ဒီတာချုပ်နဲ့ သတင်းထောက်ကတော့ ၂၀၁၄ ဒီဇင်ဘာ ၂၉ ရက်နေ့ ပထမဆုံးရုံးချိန်းမှာ အာမခံ ရရှိခဲ့ပါတယ်။
Tomorrowဂျာနယ် တတိယရုံးချိန်းအနေနဲ့  ဇန်နဝါရီ ၂၇ ရက်နေ့ကို သတ်မှတ်ခဲ့ပါတယ်။