A d v e r t i s e m e n t With Us

အဆင့်မြင့်တွေ့ဆုံပွဲအတွက် လမ်းဖွင့်ထားကြောင်း မြောက်ကိုရီးယားကို တောင်ကိုရီးယားသမ္မတ ဖိတ်ခေါ်

တောင်ကိုရီးယားသမ္မတက မြောက်ကိုရီးယားနိုင်ငံနဲ့ အဆင့်မြင့်တွေ့ဆုံပွဲအတွက် လမ်းဖွင့်ထားပြီး ဆွေးနွေးပွဲကို အမြန်ဆုံး ကျင်းပဖို့ မြောက်ကိုရီးယားအစိုးရကို ဖိတ်ခေါ် လိုက်ပါတယ်။ South Korean President Park Geun-Hye speaks during her New Year news conference at the presidential Blue House in Seoulမြောက်ကိုရီးယား နျူးကလီယားအစီအစဉ် ဖျက်သိမ်းရေးဟာ ဆွေးနွေးပွဲအတွက် အခက်ခဲဆုံးကိစ္စ ဖြစ်နိုင်ပေမယ့် ဒီအဆင့်မြင့်တွေ့ဆုံပွဲအတွက် ဘာမှ ကြိုတင် ကန့်သတ်ချက် မထားရှိဘူးလို့ ဇန်န၀ါရီ ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ရေးအတွက် ဘယ်သူနဲ့ မဆို ဆွေးနွေးမယ်လို့လည်း တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးက ပြောဆိုပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွမ်ကလည်း အခြေအနေကော၊ အချိန်အခါ ကော ပေးမယ်ဆိုရင် တောင်ကိုရီးယားနိုင်ငံနဲ့ အဆင့်မြင့်ဆွေးနွေးပွဲ မလုပ်နိုင်စရာအကြောင်း မရှိပါဘူးလို့ သူရဲ့ နှစ်သစ်မိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။ တောင်နဲ့ မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်တွေက တွေ့ဆုံ ဆွေးနွေးဖို့ အဆင်သင့် ဖြစ်တယ်လို့ ပြောဆိုနေပေမယ့် အဆင့်မြင့် ရေရှည်ဆွေးနွေးပွဲတွေ လုပ်မယ့် အရိပ်အယောင်ကတော့ မတွေ့သေးပါဘူး။ ၁၉၅၀ မှာ စတင်ခဲ့တဲ့ ၃ နှစ်ကြာ ကိုရီးယားစစ်ပွဲပြီးကတည်းက ကိုရီးယားနှစ်နိုင်ငံ သမ္မတတွေ ၂ ကြိမ်ပဲ တွေ့ဆုံဖြစ်ခဲ့သေးတာပါ။ အခု ကမ်းလှမ်းမှုကိုလည်း မြောက်ကိုရီးယားနိုင်ငံအနေနဲ့ အလေးအနက်ထားပြီး အမြန်ဆုံး တုန့်ပြန်သင့်တယ်လို့လည်း တောင်ကိုရီးယားသမ္မတ ပတ်ဂျွန်ဟေးက အလေးထား ပြောဆိုပါတယ်။ တောင်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံဟာ နယ်စပ်တလျှောက် စစ်အင်အား ၁.၈ သန်း ချထားပြီး ယာယီ အပစ်အခတ်ရပ်စဲရေးစာချုပ်နဲ့ပဲ စစ်ရပ်ဆိုင်းထားတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up