A d v e r t i s e m e n t With Us

စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ဘောင်းဘီချွတ်ရထားစီးပွဲ ပြုလုပ်

စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ မြေအောက်ရထားစီးသူတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၁ ရက်နေ့က လူစိတ်ဝင်စားစရာ၊ ပျော်စရာရွှင်စရာ လျှပ်တပြတ်ပွဲလေးတခု ပြုလုပ်ခဲ့ကြ ပါတယ်။ ပွဲလေးကတော့ နှစ်စဉ် ပြုလုပ်လာတဲ့ ဘောင်းဘီချွတ်ရထား စီးပွဲလေးပါ။ Barcelona subway users lose their pants in flash mobဇန်န၀ါရီလ ၁၁ ရက်နေ့ ဘာစီလိုနာမြို့ မြေအောက်ရထားထဲ ခရီးသည် ၁၅၀ လောက် ခရီးသည်တွေကြားမှာ ဘောင်းဘီချွတ်ခဲ့ကြတာပါ။ ဒီလှုပ်ရှားမှုလေးဟာ ၂၀၀၂ ခုနှစ်က လူ ၇ ယောက်ထဲနဲ့ စတင်ခဲ့တာလို့ သိရပါတယ်။ နောက်ပိုင်း ကမ္ဘာ့မြို့ကြီးတွေမှာ ပြုလုပ်လာကြပြီး အခုနှစ်မှာတော့ ကမ္ဘာ့မြို့ကြီး ၅၄ မြို့က မြေအောက်ရထားတွေထဲမှာ ပြုလုပ်ခဲ့ကြပါတယ်။ ဘာစီလိုနာမြို့မှာတော့ အခုနှစ် အပါအ၀င် ၃ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။ ဘောင်းဘီချွတ်ရထားစီးပွဲလေးမှာ ပါဝင်သူတဦးက “ပျော်စရာရွှင်စရာလေးပါ။ ဒီလို ရထားစီးရတဲ့ စိတ်ကူးလေးကလည်း တမျိုးဆန်းတာပေါ့”လို့ ပြောပြခဲ့ပါတယ်။ ဘယ်ဂျီယံနိုင်ငံက မိသားစုနဲ့ ပါဝင်ခဲ့တဲ့ ဂျူလီကလည်း ဘာမှအထူးအဆန်း မဟုတ်ပါဘူး။ လွတ်လွတ်လပ်လပ်ပါပဲလို့ ပြောဆိုပါတယ်။ မြေအောက်ရထား စင်္ကြတလျှောက် ဘောင်းဘီချွတ်ကပွဲလေးဟာလည်း တခြားခရီးသွားတွေအတွက် ရီစရာမောစရာဖြစ်ခဲ့သလို တချို့ကလည်း အံ့သြနေကြပါတယ်။ ဂျွန်နာဆိုသူ ခရီးသည်တဦးကတော့ ဒီပွဲလေးဟာ ကောင်းတာဆိုးတာထက် ပျော်စရာရယ်စရာပွဲလေးပါပဲလို့ ပြောဆိုခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up