A d v e r t i s e m e n t With Us

ခရိုအေးရှားအတိုက်အခံခေါင်းဆောင် ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာ

ခရိုအေးရှားမှာ ရှေးရိုးစွဲဝါဒီ အတိုက်အခံ ခေါင်းဆောင် ကိုလင်ဒါ ဂရာဘာ ကီတာရိုဗစ်က ဇန်န၀ါရီ ၁၁ ရက်နေ့ ရွေးကောက်ပွဲမှာ မတိမ်းမယိမ်းနဲ့ အနိုင်ရသွားလို့ ခရိုအေးရှားရဲ့ ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာပါတော့မယ်။ Presidential candidate Kolinda Grabar Kitarovic react after casting her vote at a polling booth during the presidential run-off election in Zagrebတိုင်းပြည် စီးပွားရေးကျဆင်းနေတာကို ပြည်သူတွေ မကျေနပ်တာကို အခွင့်ကောင်း ယူပြီး အတိုက်အခံဘက်က အနိုင်ရအောင် စည်းရုံးခဲ့တာ ဖြစ်ပါတယ်။ မဲအားလုံးနီးပါးကို ရေတွက်ပြီးချိန်မှာ  ဂရာဘာ ကီတာရိုဗစ်က ၅၀ ဒသမ ၄၀ ရာခိုင်နှုန်း ရရှိခဲ့ပြီး လက်ရှိ သမ္မတ အိုင်ဗို ဂျိုစီ ပိုဗစ်က ၄၉ ဒသမ ၆၀ ရာခိုင်နှုန်း ရရှိပါတယ်။ အနိုင်အရှုံးရလဒ်တွေ ထွက်ပေါ်လာအပြီးမှာ ဂရာဘာ ကီတာရိုဗစ်က  “ခရိုအေးရှား ပြသနာတွေကို တွေ့ဆုံဆွေးနွေး ဖြေရှင်းသွားမယ်၊ လူနည်းစု အခွင့်အရေးတွေကို ကာကွယ်သွားမယ်”လို့ ပြောပါတယ်။ “ဒီလိုပဲ ဆားဗီးယားအပါအ၀င် အိမ်နီးချင်းနိုင်ငံတွေမှာ ရောက်နေကြတဲ့  ခရိုအေးရှားလူမျိုးတွေရဲ့ အခွင့်အရေးကိုလည်း ကာကွယ်ပေးသွားမယ်”လို့ ပြောပါတယ်။ ၆ နှစ်ကြာ စီးပွားရေး ကျဆင်းမှုနဲ့ ကြုံနေရတဲ့ ခရိုအေးရှားမှာ လက်ရှိ အလုပ်လက်မဲ့ နှုန်းက ၁၉ ရာခိုင်နှုန်း ရှိပါတယ်။ အရင် ယူဂိုဆလားဗီးယား ပြည်ထောင်စုမှာ ပါဝင်ခဲ့တဲ့ ခရိုအေးရှားဟာ မနှစ် ဇူလိုင်လက အီးယူအဖွဲ့ထဲကို ၀င်ခွင့်ရရှိခဲ့ပါတယ်။ အခွန်နှုန်း မြင့်မားတာနဲ့ အုပ်ချုပ်ရေးပိုင်း ညံ့ဖျင်းမှုတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ပြန်လည် နလံမထနိုင်သေးဘဲ ဒီနှစ်ထဲမှာ စီးပွားရေး ဦးမော့လာဖို့ အလာအလာ မရှိသေးပါဘူး။ လက်ရှိသမ္မတ ဂျိုစီ ပိုဗစ်က ဒုတိယ သက်တမ်းအတွက် ၀င်ပြိုင်ခဲ့ပေမ့ယ် သူရဲ့ ဆိုရှယ် ဒီမိုကရက်တစ်ပါတီဟာ လူကြိုက်နည်းနေပြီး အရင် နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ အမေရိကန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဟောင်း ရာဘာ ကီတာရိုဗစ်ကို အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up